25 C
Yangon

နမ့်ခမ်းမြို့တွင် ကလေးငယ် ၁ ဦးကို ပြန်ပေးဆွဲခဲ့သည့် အဖွဲ့ကို TNLA က ဖမ်းဆီးနိုင်ခဲ့ပြီး ၂ ဦးအရှင်ဖမ်းမိကာ ၁ ဦးသေဆုံး

Must read

နမ့်ခမ်းမြို့တွင် ကလေးငယ် ၁ ဦးကို ပြန်ပေးဆွဲခဲ့သည့် အဖွဲ့ကို TNLA က ဖမ်းဆီးနိုင်ခဲ့ပြီး ၂ ဦးအရှင်ဖမ်းမိကာ ၁ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့တွင် ကလေးငယ် ၁ ဦးကို ပြန်ပေးဆွဲခဲ့သည့် အဖွဲ့ကို TNLA က ဖမ်းဆီးနိုင်ခဲ့ပြီး ၂ ဦးအရှင်ဖမ်းမိကာ ၁ ဦးသေဆုံးခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် နမ့်ခမ်းမြို့တွင် ကလေးငယ် ၁ ဦးကို မိခင် ဖြစ်သူက မူကြိုကျောင်းကို သွားပို့စဥ် လမ်းတနေရာ၌ ပြန်ပေးဆွဲသည့်အဖွဲ့က ကား ၂ စီးဖြင့် ရောက်ရှိလာပြီး ကလေးငယ်ကို လုယူ ပြန်ပေးဆွဲသွားကြောင်း သိရသည်။

ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့သည့် နေရာအနီးအနားရှိ ပြည်သူများ၏ သတင်းပေးပို့ တိုင်ကြားချက်ကြောင့် PSLF/TNLA အုပ်ချုပ်ရေးဌာန မန်အောင်ခရိုင် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးရာတွင် ပြန်ပေးဆွဲသည့် အဖွဲ့က သေနတ်ဖြင့် ဦးစွာ ပစ်ခတ်ခဲ့သောကြောင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ပြန်ပေးသမား ၁ ဦး သေဆုံးကာ ၂ ဦး အရှင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

ပြန်ပေးဆွဲခံရသည့် ကလေးငယ်ကို PSLF/TNLA အုပ်ချုပ်ရေးဌာန မန်အောင်ခရိုင် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က အချိန်မီ ကယ်တင်နိုင်ခဲ့ပြီး မိဘအုပ်ထိန်းသူထံ ကောင်းမွန်စွာ ပြန်လည် အပ်နှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြန်ပေးဆွဲအဖွဲ့ထံမှ Glock ပစ္စတိုသေနတ် ၂ လက် ၊ Crown ကား ၂ စီး၊ ဖုန်း ၃ လုံး၊ မြန်မာငွေ သိန်း ၂၀ ကျပ်၊ တရုတ်ငွေ ၂၄၀ ယွမ်၊ မြန်မာနိုင်ငံသား မှတ်ပုံတင် ၃ ခု နှင့် တရုတ်နိုင်ငံသို့ ဝင်ခွင့်ဗီဇာကဒ် ၂ ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိထားသော ပြန်ပေးသမား ၂ ဦးကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တရားဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article