25 C
Yangon

လိုင်ဇာ စစ်ဘေးရှောင်စခန်းကို တိုက်ခိုက်မှုတွင် မြန်မာစစ်တပ်က ကမ္ဘာ့ အရက်စက်ဆုံးနှင့် အကြမ်း ကြုတ် ဆုံးသော အကြမ်းဖက် အဖွဲ့အဖြစ် သက်သေ ထပ်မံ ပြသဟု KNU ဗဟိုအလုပ် အမှုဆောင် ပဒိုစောတောနီးပြောဆို

Must read

လိုင်ဇာ စစ်ဘေးရှောင်စခန်းကို တိုက်ခိုက်မှုတွင် မြန်မာစစ်တပ်က ကမ္ဘာ့ အရက်စက်ဆုံးနှင့် အကြမ်း ကြုတ် ဆုံးသော အကြမ်းဖက် အဖွဲ့အဖြစ် သက်သေ ထပ်မံ ပြသဟု KNU ဗဟိုအလုပ် အမှုဆောင် ပဒိုစောတောနီးပြောဆို

ရန်ကုန်၊ အောက်တိုဘာ ၁၁

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က တိုက်ခိုက် ခဲ့သဖြင့် ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၀ ကျော်သေဆုံးစေခဲ့မှုသည် မြန်မာစစ်တပ်က ကမ္ဘာတွင် အရက် စက်ဆုံးနှင့် အကြမ်းကြုတ်ဆုံးသော အကြမ်းဖက် အဖွဲ့အဖြစ် သက်သေ ထပ်မံ ပြသနေကြောင်း KNU ဗဟိုအလုပ် အမှုဆောင် ပဒိုစောတောနီးပြောဆိုလိုက်သည်။

အောက်တိုဘာလ ၉ ရက်နေ့ ညသန်းခေါင်အချိန် စစ်တပ်က ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ချက် စစ်ဘေးရှောင်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၂ ဦးသေ ဆုံးခဲ့ကြောင်း ၊ ထိုလုပ်ရပ်သည် စစ်ကောင်စီသည် ကမ္ဘာ့ အရက်စက်ဆုံးနှင့် အကြမ်းကြုတ်ဆုံး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သက်သေထူလိုက် ခြင်းဖြစ်‌ကြောင်း၊ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် စစ်ကောင်စီကို ချက်ချင်း အ ရေးယူရန် လိုအပ်ကြောင်း ကရင်အမျိုးသား အစည်း အရုံး KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သုံးသပ်ပြောဆိုသည်။

“စစ်ဘေးစစ်ဒဏ်ကြောင့် အခုလို ထွက်ပြေး တိမ်းရှောင်နေရတဲ့ အရပ်သား လူထုအပေါ်မှာ ဒီလိုမျိုး သက်သက်မဲ့ လုပ်တာက တကယ် ရိုင်းစိုင်း ရက်စက် ကြမ်းကြုတ်ဆုံးသော အကြမ်းဖက် အဖွဲ့အစည်းဆိုတာ ကမ္ဘာကြီးကို ပြသလိုက်တာပဲ အဲဒါက ဘာလိုလဲဆိုတော့ နိုင်ငံတကာ နဲ့ ကမ္ဘာ့အသိုင်း အ၀ိုင်းရဲ့ အရေးယူ တုံ့ပြန်မှုက ဒီလို နှေးတုံ့ နှေးတုံ့ ဖြစ်လေလေ အဲဒီ အကြမ်းဖက် အဖွဲ့အစည်းက အဲဒါကို အခွင့်ကောင်းယူပြီး ပြည်သူလူထုကို ပိုပြီး ရက်စက် ကြမ်းကြုတ် ယုတ်မာမှုတွေက ပိုပြီးတော့ အတင့်ရဲလာလေလေ ဆိုတာ ကျနော်တို့ တွေ့မြင်ရတယ်။ အဲဒါကြောင့်မို့လို့ ကမ္ဘာ့အသိုင်းအ၀ိုင်းက ဒီထက်ပိုပြီးတော့ လုံလောက်တဲ့ အရေးယူမှုမျိုး လုပ်သင့်တယ်။ အဲဒါမှ မဟုတ်ဘူး ဆိုရင်တော့ ဒီလိုပဲ အဖြစ်ဆိုးမျိုးတွေ ခဏခဏ ပဲ ကြုံနေရမယ် ဆိုရင် မကောင်းပါဘူး”ဟု ပဒိုစောတောနီးက ပြောဆိုသည်။

လိုင်ဇာတွင် မြန်မာစစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ယနေ့တွင် ပြင်းပြင်း ထန်ထန် ဝေဖန်သော ရှုတ်ချချက်များ ဆက်တိုက် ဆိုသလို ထွက်ပေါ်လာလျက်ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article