စစ်တောင်းမြစ်ဝှမ်း နှင့် ဧရာဝတီမြစ် အနောက်ဘက်ခြမ်း စိုးမိုးရေးအတွက် စစ်ဆင်ရေးလုပ်နေဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေပြော
■ စစ်ကောင်စီတပ်အတွင်း တော်လှန်ရေးအတွက် ဖရဲသီးခင်းများ များပြားနေပြီဟုဆို
ရန်ကုန်၊ အောက်တိုဘာ ၁၂
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နေဖြင့် စစ်တောင်းမြစ်ဝှမ်းဒေသ နှင့် ဧရာဝတီမြစ်အနောက်ဘက် ခြမ်းဒေသ စိုးမိုးရေး စစ်ဆင်ရေးများကို လျှောက်လှမ်းလျက်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ အတွင်းဝန် ဦးမောင်မောင်ဆွေ က ပြောကြားသည်။
ပြည်သူလူထုထံသို့ နွေဦးတော် လှန်ရေး၏ စစ်ရေးအောင်ပွဲများနှင့် ပြည်သူ့ခုခံစစ်၏ လက်ရှိ အခြေ အနေများ၊ ရှေ့အလားအလာများကို အစီရင်ခံတင်ပြခြင်း အစီအစဉ်၌ ၎င်းက ထည့်သွင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
“အဓိက စစ်ဆင်ရေးတွေအနေနဲ့ စစ်တောင်းမြစ်ဝှမ်းဒေသ စိုးမိုးရေးစစ်ဆင်ရေးနဲ့ ဧရာဝတီမြစ် အနောက်ဘက်ကမ်း ဒေသ စိုးမိုးရေး စစ်ဆင်ရေးတွေကို လျှောက်လှမ်းလျက်ရှိပါတယ်၊ ဒီစစ်ဆင်ရေး တွေအနေနဲ့က ရန်သူ့စိုးမိုးနယ်မြေကို ထိုးဖောက်ပြီးတော့ ဝင်ရောက်တိုက်ခိုက်ရတဲ့ စစ်ဆင် ရေးတွေ ဖြစ်တဲ့အတွက် မဟာဗျူဟာ အရ ကျနော်တို့အတွက် အင်မတန်ကို အရေးကြီးတဲ့ စစ်ဆင်ရေးတွေလို့ လည်း ပြောလို့ရပါတယ်၊ “ ဟု ဦးမောင်မောင်ဆွေက ပြောကြားသည်။
ရန်ကုန်-နေပြည်တော် အမြန်လမ်း အနောက်ဘက်ခြမ်း စစ်တောင်းမြစ်ဝှမ်းဒေသစိုးမိုးရေးကို ဆောင် ရွက်နေပြီဖြစ်ပြီး ပဲခူးတိုင်း အနောက်ဘက်ခြမ်းနှင့် မကွေးတိုင်း၏ ဒေသအချို့ပါသည့် ဧရာဝတီမြစ်အ နောက်ဘက်ကမ်းဒေသကို စိုးမိုးရေးအတွက် စစ်ဆင်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်း စစ် ဆင်ရေး နယ်မြေကြီး ၂ ခု အလယ်တွင် မဟာဗျူဟာ အရ အင်မတန်အရေးပါသည့် ပဲခူးရိုးမ တည်ရှိ နေပြီး စစ်တောင်းမြစ်ဝှမ်း ဒေသ ပဲခူးတိုင်းအနောက်ဘက်ခြမ်းနှင့် မကွေးတိုင်းဒေသများတွင် စစ်ရေး အောင်ပွဲများ ရရှိနေကြောင်း သိရသည်။
“အကြမ်းဖက်စစ်တပ်အနေနဲ့ ၁၉၇၅ ခုနှစ်နောက်ပိုင်းမှာ ဘယ်လက်နက်ကိုင်အဖွဲ့ အစည်းကိုမှ ခြေချ ခြင်း မရှိစေရ ဆိုပြီးတော့ ဂုဏ်ယူစွာ ဝံ့ကြွားထားတဲ့ အဲဒီပဲခူးရိုးမဒေသကို အခုအချိန် နွေဦးတော်လှန် ရေးမှာ ဆိုရင်တော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ မဟာမိတ်တော်လှန်ရေး အင်အားစုတွေ က ထိုးဖောက်ဝင်ရောက်ပြီးတော့ စခန်းသိမ်းတိုက်ပွဲတွေ တိုက်ခိုက်နိုင်နေပြီ၊ စစ်ကောင်စီရဲ့ စစ် ကြောင်းတွေကို ကြားဖြတ် တိုက်ခိုက်ပြီးတော့ ချေမှုန်းတိုက်ခိုက်နိုင်နေပြီ ဆိုတာကို တင်ပြချင်ပါ တယ်၊” ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက ပြောဆိုသည်။
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရိုးမဖြတ်ကျော်လမ်းရှိအကြမ်းဖက်စစ်ကောင်စီ ခါချဉ်တောင် စစ်တပ် စခန်း ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၅ က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက် ခဲ့ကြောင်း၊ ထို့အပြင် အင်အား ၁၀၀ ခန့်ဖြင့် ဘီးချောင်းကုန်းသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်း၊ အလားတူ တောင်ငူမြို့နယ်၊ အမြန်လမ်း ၁၆၂ မိုင်ရှိ အင်အား ၂၀ ခန့်ဖြင့် တပ်စွဲထားသော ဆိတ်ဖူးတောင်စခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ငူခရိုင် တပ်ရင်း ၃၅၀၁ နှင့်ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။
ပဲခူးတိုင်းသည် နေပြည်တော်၊ ရန်ကုန်တိုင်းတို့ ထိစပ်နေသည့် တိုင်းတစ်ခုဖြစ်ပြီး မဟာဗျူဟာအရ အရေးပါ ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီအတွက် ထောက်ပို့လမ်းကြောင်းအဖြစ် အရေးပါ အရာရောက်သည့် တိုင်းတစ်ခုဖြစ်ပြီး ၁၉၇၅ ခုနှစ်ကတည်းက စစ်တောင်း မြစ် အရှေ့ဘက်ကမ်းမှ ဝင်ရောက်လာမည့် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များ မဝင်ရောက်နိုင်ရန် စစ်တောင်းမြစ်တလျှောက်၊ ရန်ကုန် – မန္တလေးလမ်းဟောင်း တလျှောက် စစ်စခန်းများ၊ ကင်းစခန်းများ၊ အထပ်ထပ်အစိပ်စိပ်ချကာ ကာကွယ် ထားသည့် တိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။
“ဘယ်လိုပဲ ကာကွယ်ထားပါစေ နွေဦးတော်လှန်ရေးမှာတော့ ပဲခူးတိုင်းသည် ပြည်သူ့ ကာ ကွယ်ရေး တပ်မတော်သားတွေ အတွက်အောင်မြေဖြစ်နေပြီ လို့ပြောချင်ပါတယ်၊ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းဒေသကို စိုးမိုးနိုင်ဖို့ နည်းမျိုးစုံနဲ့ ပြန်လည် လုပ်ဆောင်နေပေမယ့်လည်း ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေသာ ပိုပိုပြီးတော့ ထိုးဖောက်ဝင်ရောက် လာနိုင် တယ်၊ ပိုမိုပြီးတော့ စိုးမိုးလာနိုင်နေပြီဆိုတာလည်း ထပ်လောင်းပြောကြားချင်ပါတယ်၊” ၎င်းက ဆက် လက်ပြောကြားသည်။
ပြည်သူလူထု၏ ခုခံတွန်းလှန်စစ် ၂ နှစ်အတွင်း မဟာဗျူဟာ ခံစစ်မှ မဟာဗျူဟာ ထိုးစစ် အကြို ကာလ ကို ပြည်သူလူထု၏ ဝိုင်းဝန်းထောက်ပို့မှုဖြင့် အဆင့်ဆင့်ပြောင်းလဲကာ တိုက်ခိုက်လာနိုင် ခြင်းဖြစ်ပြီး နယ်မြေစိုးမိုးမှု အမြောက်အများရရှိလာသလို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အမြောက်အများကို လည်း ချေမှုန်းသုတ်သင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မဌာနချုပ်များသည် NUG အစိုးရ၏ ဖရဲခင်းများဖြစ်နေပြီဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ အတွင်းဝန် ဦးမောင်မောင်ဆွေ ဆက်လက်ပြောဆိုသည်။
“ကျနော်တို့ ပြည်သူ့ရင်ခွင်ကို ချိတ်ဆက်ပြီးတော့ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ အရာရှိ ၊ အရာခံ အကြပ် စစ်သည်တွေလည်း အခုချိန်မှာဆိုရင် တစ်သောင်းခွဲနီးနီးကို ရှိနေပြီဆိုတာကို လည်းထပ်လောင်းပြီး တော့ ပြောချင်ပါတယ်၊ အဲလိုပါပဲ ပြည်တွင်းမှာပဲ ဆက်လက်နေထိုင်နေထိုင်နေပြီး တော့ ဖရဲသီးစီမံချက် မှာ ဆက်လက် လုပ်ကိုင်ဆောင်ရွက်ဖို့ ဆိုပြီးတော့ ကျနော် ညွှန်ကြားထားတဲ့ ဖရဲသီးတွေကလည်း အခု ချိန်မှာဆိုရင် အမြောက်အများရှိနေပြီဖြစ်လို့ သူတို့ရဲ့တပ်မဌာနချုပ်တွေ၊ စစ်ရုံးချုပ်တွေ က ကျနော်တို့ ရဲ့ ဖရဲခင်းတွေလို့တောင် ပြောလို့ရတဲ့အခြေအနေအထိကို ဖြစ်နေပါပြီ၊” ဟု NUG ၊ ကာကွယ်ရေး ဝန်ကြီး ဌာန ၊ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ အတွင်းဝန်ဦးမောင်မောင်ဆွေက ပြောကြားသည်။
ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် အင်အားမလုံလောက်မှုများကို ဖြေရှင်းရန် လက်ရုံး၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့များကို ရှေ့တန်းသို့ ပို့ဆောင်ကာ တိုက်ခိုင်းနေရုံသာမက ပြည်သူလူထုကို ခြိမ်း ခြောက်ကာ ပြည်သူ့စစ်လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းနေသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ ပြည်သူစစ် များထဲမှလည်း NUG အစိုးရထံ ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာမှုရှိကာ လက်နက်နှင့်တကွ အလင်း ဝင်ရောက်လာပါက ချီးမြှင့်ငွေများ ပေးအပ်သည်ဆိုသည့် သတင်းစကားကို ပါးပေးထားရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အင်အားပြုန်းတီးမှုအင်မတန်များလာတဲ့ စစ်ကောင်စီဟာ ဘယ်တုန်းကမှ ပြည်သူ့စစ် ဖွဲ့ခဲ့တယ်မရှိတဲ့ ရန်ကုန် တိုင်း၊ ပဲခူးတိုင်း နေပြည်တော်၊ မန္တလေး တိုင်းလို နေရာမျိုးတွေမှာတောင် အခုချိန်မှာ ပြည်သူ့ စစ်ကိုဖွဲ့ပြီးတော့ လုံခြုံရေးလုပ်ငန်းတွေကို ဖြည့်ဆည်းဆောင်ရွက်နေရတဲ့ အထိကို တပ်မှာ ပျက်နေပြီ အင်အားပြုန်းတီးမှု များနေပြီဆိုတာကိုလည်း ပြည်သူလူထုကို ထပ်လောင်းပြီးတော့တင်ပြချင်ပါတယ်။” ဟု ဦးမောင်မောင်ဆွေက ပြောဆိုသည်။
မကြာမီကာလအတွင်း နိုင်ငံအနှံ့အပြား တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဒေသအသီးသီး၌ ရာနှုန်းပြည့် ကွက်ပြည့်နင်းပြီးကာ မဟာဗျူဟာ ထိုးစစ်ဆင် တိုက်ခိုက် နိုင်ပါက အကြမ်းဖက်စစ် ကောင်စီအနေဖြင့် ယခု ထက်ပိုမို အင်အားပြုန်းတီးကာ တပ်ပျက်လာမည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား များ အနေဖြင့် ရှေ့လာမည့်အနာဂတ်တွင် အကြမ်းဖက်စစ်ကောင်စီကို ကာကွယ်ရေး မိမိဘဝ၊ မိသားစု ဘဝကို အပျက်ခံမလား၊ ဒါမှ မဟုတ် ပြည်သူနှင့်အတူ ပူးပေါင်းပြီး စစ်အာဏာရှင်ဘက်ကို သေနတ် ပြောင်းလှည့်မလား ပြတ်ပြတ်သားသား ဆုံးဖြတ်ရမည့်အချိန်ဖြစ်ကြောင်း သတိပေးပြောဆိုထားသည်။
စစ်တပ်ဘက်မှ တိုင်းမှူး၊ ဒုတိုင်းမှူး၊ တပ်မမှူး၊ တပ်နယ်မှူး ၊ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ တပ်ရေးဗိုလ်ကြီး၊ တပ် ထောက်ဗိုလ်ကြီး အရာရှိ ၊ အရာခံအကြပ်စစ်သည် အမြောက်အများသည်စစ်တိုက်ရန် ကြောက်ရွှံ နေပြီး အမိန့်မနာခံမှုဖြင့် ဖမ်းဆီး အရေးယူခံနေသည်မှာ အမြောက်အများရှိကြောင်း၊ ရှေ့တန်းများ၌ လည်း ရင်ဆိုင်တိုက်ပွဲများကို မတိုက်တော့ဘဲ ထွက်ပြေးနေကြသူ အမြောက်အများရှိကြောင်း ၎င်း၏ အဆိုအရ သိရှိရသည်။