31 C
Yangon

စစ်ကောင်စီက ကချင်လူမျိုးများကို လူမျိုးတုန်း တိုက်ခိုက်နေဟု KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ပြောဆို

Must read

စစ်ကောင်စီက ကချင်လူမျိုးများကို လူမျိုးတုန်း တိုက်ခိုက်နေဟု KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ပြောဆို

ရန်ကုန်၊ အောက်တိုဘာ ၁၂

ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မိုင်လိုင်ခက် စစ်ရှောင်စခန်းကို စစ်ကောင်စီက တိုက်ခိုက်မှုမှာ ကချင်လူမျိုးများကို လူမျိုးတုန်းတိုက်ခိုက်မှုဖြစ်ကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၉ ရက်နေ့ ညသန်းခေါင်ယံအချိန် လိုင်ဇာမြို့၊ မုန်လိုင်ခက် စစ်ရှောင်စခန်းကို တိုက်ခိုက်ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က လိမ်လည်ပြောဆိုချက်အပေါ် ဗိုလ်မှူးကြီးနော်ဘူက NST နှင့်ဆက်သွယ်မေးမြန်းစဉ် ထိုသို့ တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့နှင့် ၂ မိုင်အကွာတွင်ရှိနေသော မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ၊ ပြင်းအားမြင့် ဗုံးများကို ဒရုန်းဖြင့် ကျဲချ တိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၂၉ ဦးသေဆုံးခဲ့ကြောင်း၊ သို့ရာတွင် စစ်ကောင်စီက ဝန်ခံခြင်းမရှိဘဲ လက်နက် သိုလှောင်ရုံ ပေါက်ကွဲသည်ဟု လိမ်လည် ပြောဆိုနေကြောင်း၊ ကချင်လူမျိုးများကို စစ်တပ်က လူမျိုးတုန်း တိုက်ခိုက်သတ်ဖြတ်နေကြောင်း ဗိုလ်မှူး‌ကြီး နော်ဘူက ပြောဆိုသည်။

ကချင်လူမျိုးများကို လူမျိုးတုန်းတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုမြောက်ပြီး နိုင်ငံတကာအနေဖြင့်လည်း သိရှိရန် လိုအပ်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံအခြေ အနေကို အပြည်ပြည်ဆိုင်ရာအဖွဲ့များက ထဲထဲဝင်ဝင်စစ်ဆေး အရေးယူဖို့အချိန်ရောက်နေပြီဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းသည်။

မုန်လိုင်ခက်စစ်ရှောင်စခန်းတွင် တပ်စခန်းများ မရှိသည့်အပြင် လက်နက်များလည်း မသိုလှောင်ထားကြောင်း၊ စစ်တပ်က ပစ်ခတ်သော ဗုံးသည် အလွန်ပြင်းထန်သော ဗုံးဖြစ်၍ ပတ်ဝန်းကျင် အိမ်များ ပျက်စီးကုန်ကြောင်း၊ ဗုံးကြီးမကျဲခင် ၁၂၀ မမဖြင့် ပစ်ခတ်ကြောင်း၊ ဗုံးကြီးကြဲပြီး စက်လက်နက်များဖြင့် ပစ်ခတ်ကြောင်း၊ စစ်ကောင်စီတပ်က ခါရာတောင်၊ မူရယ်တောင်ဘက်မှ လက်နက်ကြီးအမြောက်အများဖြင့်လည်း ပစ်ခတ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။

မုန်လိုင်ခက်ကျေးရွာမှ စစ်ရှောင်စခန်းကို စစ်တပ်က တိုက်ခိုက်မှုတွင် အင်အားပြင်းထန်သည့် ဗုံးသီးများပါဝင်ပြီး ပေါက်ကွဲသည့် တည်နေရာသည် ပေ ၂၀၀ ခန့်အထိ သက်ရောက်မှုရှိခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article