25 C
Yangon

စစ်တပ်၏ အကြမ်းဖက်မှု များကြောင့် မြိုင်မြို့နယ်မှ မိဘများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသဖြင့် ပြင်ဦးလွင် စစ်တက္ကသိုလ်မှ ကျောင်းဆရာ ဒုဗိုလ်မှူးကြီး ခွင့်ယူ ပြန်မလာတော့ဘဲ ထွက်ပြေး

Must read

စစ်တပ်၏ အကြမ်းဖက်မှု များကြောင့် မြိုင်မြို့နယ်မှ မိဘများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသဖြင့် ပြင်ဦးလွင် စစ်တက္ကသိုလ်မှ ကျောင်းဆရာ ဒုဗိုလ်မှူးကြီး ခွင့်ယူ ပြန်မလာတော့ဘဲ ထွက်ပြေး

ရန်ကုန်၊ အောက်တိုဘာ ၁၂

အကြမ်းဖက်စစ်တပ်က မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်မှုများ ၊ ကျေးရွာမီးရှို့များ ၊ ပြည်သူများကို သတ်ဖြတ်မှုများ လုပ်ဆောင်နေရာ မိဘနှင့် ဆွေမျိုးများ ထွက်ပြေးနေရသဖြင့် ပြင်ဦးလွင်စစ်တက္ကသိုလ်မှ ကျောင်းဆရာ ဒုတိယဗိုလ်မှူးကြီး တစ်ဦုးက စစ်တက္ကသိုလ်သို့ ပြန်မလာတော့ဘဲ တပ်မှ စွန့်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

ပြင်ဦးလွင်စစ်တက္ကသိုလ် ၊ စာပေဌာနမှ ကျောင်းဆရာ ဒုတိယဗိုလ်မှူးကြီး ဌေးနိုင်သည် မြိုင်မြို့နယ်မှ မိဘဖြစ်သူတို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုကြောင့် စစ်တက္ကသိုလ်တွင် ဆက်လက် အလုပ်မလုပ်တော့ဘဲ ခွင့်ယူပြီး ပြန်မလာတော့ ကြောင်း ၊ ဗိုလ်မှူးရာထူးမှ ဒုတိယဗိုလ်မှူးကြီးသို့ ရာထူးတိုးမြှင့်ထားသဖြင့် ဒုတိယဗိုလ်မှူး‌ကြီးလစာ စားနေပြီဖြစ်သော်လည်း အပွင့်မတင်သေးကြောင်း၊ သို့ရာတွင် ဒုတိယဗိုလ်မှူးကြီးဌေးနိုင်သည် သူ၏ ရာထူး အပွင့်များကို ပခုံးပေါ် မတင်တော့ဘဲ ခွင့်ယူပြီးနောက် စစ်တက္ကသိုလ်သို့ လုံး၀ ပြန်မလာဘဲ စစ်တက္ကသိုလ်မှ ထွက်ခွာသွားကြောင်း သိရှိရသည်။

“စစ်တပ်က စစ်ကြောင်းတွေထိုးတော့ သူ့မိဘတွေရှိတဲ့ မြိုင်မြို့နယ်မှာ သူ့မိဘတွေရော ဆွေမျိုးတွေပါ အိုးအိမ်ဖျက်ပစ္စည်းတွေ ဖျက်ဆီးခံရတယ်။ လုယက်ခံရတယ်။ မိဘတွေရော ဆွေမျိုးတွေရော ထွက်ပြေးနေရတယ်။ အဲဒါကြောင့် စစ်တက္ကသိုလ် စာပေဌာနက ဒုတိယဗိုလ်မှူးကြီးဌေးနိုင်က အပွင့်တောင် မတင်တော့ဘဲ ခွင့်ယူပြီး ပြန်မလာတော့ဘူး။ စိတ်နာသွားတာပေါ့။ ဒါပေမယ့် စစ်တက္ကသိုလ်ဘက်က အခုအချိန်အထိ သူ့ကို ခွင့်မဲ့ပျက်ကွက်ပဲလုပ်ထားတယ်။ စစ်တက္ကသိုလ်က လူကြီးတွေက ဒီဖြစ်စဉ်ကို အထက်တင်ပြရင် သူတို့ရာထူးထိခိုက်မှာစိုးလို့ အခုအထိ အဖြစ်မှန်ဖုံးကွယ်ထားတယ်။ ဒုတိယဗိုလ်မှူးကြီး ထွက်သွားတာ ၂ လရှိပြီ” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း ပြည်သူများကို သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ရှေ့တန်းများတွင် စစ်သားသေဆုံးမှု အခြေအနေ များပြားလာခြင်းတို့ကြောင့် အရာရှိများ အပါအဝင် စစ်သားများ တပ်ကို စွန့်ခွာ ထွက်ပြေးမှု များပြားလာကြောင်း စစ်တပ်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင် ပြင်ဦးလွင် စစ်တက္ကသိုလ်ကို ၂၀၁၉ ခုနှစ်တွင် သွားရောက် စစ်ဆေးခဲ့စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article