25 C
Yangon

လောင်းလုံးနှင့် ထားဝယ်ရှိ စစ်တပ်၏ တပ်စခန်း ၂ ခု နှင့် ပျူစောထီး ခေါင်းဆောင် နေအိမ်တို့ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

Must read

လောင်းလုံးနှင့် ထားဝယ်ရှိ စစ်တပ်၏ တပ်စခန်း ၂ ခု နှင့် ပျူစောထီး ခေါင်းဆောင် နေအိမ်တို့ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၂

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၂ ခု နှင့် ပျူစောထီး ခေါင်းဆောင် နေအိမ်တို့ကို တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၅ ရက် နံနက် အစောပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ်ရှိ သဲပုံတောင် အကြမ်း ဖက် စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၈၁ မမ လက်နက်ကြီး ၈ လုံး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့် အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းနေ့ နံနက် အစောပိုင်းတွင် ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ် လက်ကိုင်တုတ် ပျူစောထီးခေါင်းဆောင် တိုးကြည်၏ နေအိမ်ကို ၈၁ မမ လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်ပျက်စီး မှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ အလားတူ ထားဝယ်မြို့နယ်၊ ရွှေဂူတောင် တံတား၌ ဂိတ်ချတပ်စွဲ ထားသော အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၈၁ မမ လက်နက်ကြီး ၈ လုံး ၊ လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၀ ဦးခန့် သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

” ပျူခေါင်းဆောင် မသေဘူးလို့ သတင်းရတယ်။ ရွှေဂူတောင် တံတားက စစ်ခွေးတွေ တပ်စွဲထားတဲ့ နေရာကို တိုက်တာ ခွေး ၁၀ ကောင်သေတယ်လို့ သိရတယ်။ ကျန်တဲ့ တိုက်ခိုက်မှု ၂ ခုကတော့ ခွေးသေစာရင်း မသိရသေးဘူး” ဟု လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – LLPDF ၊ ထားဝယ်နဂါး တပ်ခွဲ ၂ ၊ အထူးပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ ၁ (SGF) နှင့် တပ်ခွဲ ၂ (DDF) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article