25 C
Yangon

သဲကုန်းမြို့ပေါ်တွင် ကြံ့ဖွတ်အမတ်ဟောင်း ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

သဲကုန်းမြို့ပေါ်တွင် ကြံ့ဖွတ်အမတ်ဟောင်း ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၂

ပဲခူးတိုင်း၊ သဲကုန်းမြို့ပေါ်တွင် ကြံ့ဖွတ်အမတ်ဟောင်း ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ပြည်ခရိုင် PDF နှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၆ နာရီခွဲခန့်က သဲကုန်းမြို့လယ်ဈေးအနီး၌ ကြံ့ဖွတ်အမတ်ဟောင်း ပျူစောထီး ခေါင်းဆောင် စိုးအောင်ကို ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ပျူစောထီး ခေါင်းဆောင် စိုးအောင်သည် ပြည်သူ့စစ် (ပျူစောထီး) ဖွဲ့ စည်းခြင်း၊ စစ်သင်တန်းပေးခြင်းတို့အတွက် လူအင်အား ရှာဖွေစုဆောင်းခြင်း၊ စည်းရုံးသိမ်းသွင်းခြင်း များကို အဓိက ဦးဆောင်၍ စုဆောင်း လုပ်ဆောင်ပေးနေသူဖြစ်ကြောင်းသိရသည်။

“သူက ၂၀၁၀ တုန်းက ကြံ့ဖွတ်အမတ် စစ်သင်တန်းလည်းဆင်းထားတယ်။ အမည်ဆိုးနဲ့ လူသိများတဲ့သူပါ။ လူငယ်တွေကို နိုင်ငံချစ်စိတ်ရှိတဲ့သူဆိုရင် ပြည်သူ့စစ်သင်တန်းတက်ကို တက်ထားရမယ်ပြောပြီး စည်းရုံးနေတာ” ပြည်ခရိုင် PDF နှင့် နီးစပ်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ပျူစောထီး ခေါင်းဆောင် စိုးအောင်ကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၃ ၊ တပ်စု ၃ (Wisdomအဖွဲ) က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ၎င်းတို၏ ထောက်တိုင် ပျူများနှင့် အတူတကွ နေထိုင်သွားလာခြင်း မပြုလုပ်ဘဲ ရှောင်ကွင်းသွားလာကြရန်၊ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာမှုများကို တော်လှန်ရေးတပ်ဖွဲများထံ အချိန်မီ သတင်းပေးပိုခြင်းဖြင့် တော်လှန်ပြည်သူများအဖြစ် ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article