Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ စစ်တက္ကသိုလ်(DSA)မှာ ရာထူးတိုးမြှင့်ပေးပေမယ့် ကျောင်းဆရာ ဒုတိယဗိုလ်မှူးကြီး ၁ ဦး အပါအဝင် အရာရှိ ၆ ဦးဟာ တပ်ထဲကနေ ထွက်ပြေးသွားကြတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ရန်ကုန်တိုင်း ၊ လှိုင်သာယာမြို့နယ်မှာရှိတဲ့ ရှမ်းချောင်း-ကျေးရွာက အရန်မီးသတ်တပ်ဖွဲ့ဝင် လူငယ် ၅ ဦးကို အကြမ်းဖက် စစ်တပ်က မီးသတ်သင်တန်း တက်ရမယ်လို့ပြောပြီး ၊ တပ်သားသစ်အဖြစ် စစ်တပ်ထဲ လိမ်ခေါ်သွားတယ်လို့ လူငယ်တွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတချို့က ပြောပါတယ်။
– ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်က အကြမ်းဖက် စစ်ကောင်စီ စခန်းကို KNLA – PDF ပူးပေါင်းတပ်ဖွဲ့တွေကနေ စနိုက်ပါ နဲ့ ပစ်ခတ်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။