25 C
Yangon

ရေစကြို မြို့မရဲစခန်းကို အနီးကပ် ဝင်ရောက်တိုက်ခိုက်မှု ရဲများ ထိခိုက်ဒဏ်ရာရမှုရှိ

Must read

ရေစကြို မြို့မရဲစခန်းကို အနီးကပ် ဝင်ရောက်တိုက်ခိုက်မှု ရဲများ ထိခိုက်ဒဏ်ရာရမှုရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၃

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ရေစကြိုမြို့မရဲစခန်းကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲများ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်- ရေစကြို ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့ ည ၈ နာရီ မိနစ် ၃၀ ခန့်အချိန် ရေစကြိုမြို့တွင်းရှိ ရဲနှင့် ရဲမိသားစု ဝင်များသာရှိနေသော ရေစကြိုမြို့မရဲစခန်းကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များက အနီးကပ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ရဲများမှာ ပြန်လည်ပစ်ခတ်နိုင်မှုမရှိဘဲ ဘန်ကာများ၊ ကတုတ်ကျင်းများအတွင်းသို့ ဝင်ရောက်ပုန်းအောင်းနေကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာပြီးမှသာ ရဲစခန်းနှင့် စစ်တပ်ဝင်းအတွင်းမှ လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ် ခတ်ခဲ့ကြောင်း သိရသည်။

“ရဲစခန်းနဲ့ ပေ ၃၀ အကွာလောက်အထိ ကပ်ပြီးဝိုင်းပစ်ခဲ့တာ၊ ပြောရရင်တော့ ပေ ၃၀ လောက်ရှိတဲ့ လမ်းပဲခြားတာ၊ အနီးကပ်ဝင်တိုက်ခဲ့တာ၊ ရဲဘော်တစ်ယောက်ကို ကျည်တစ်ရာလောက်စီနဲ့ အဲဒီ ရဲ စခန်းထဲကို ကျည်ပေါင်း ၁၀၀၀ လောက်တော့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်၊ အလစ်အငိုက်ဆိုတာ့ စခန်းထဲက ရဲတွေ ဘာမှ မလုပ်နိုင်ဘူး၊ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေထဲဝင်ပြေးကုန်တာ၊ အဲဒီအထဲ အထိဝင်ဖို့ကြိုးစားခဲ့ပေမယ့် ကျည်အင်အားက အဲလောက်အထိမရှိဘူးဖြစ်နေတော့ ပြန်ဆုတ်လာခဲ့ တာ၊” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့တိုက်ခိုက်ပြီးနောက် မိနစ် ၃၀ ခန့်အကြာ ဆေးရုံမှ လူနာတင်ကားတစ်စီးရောက်ရှိလာပြီး ဒဏ်ရာ ရလူနာများကို သယ်ဆောင်သွားသော်လည်း အရေအတွက် အတိအကျ မသိရကြောင်း၊ ရဲစခန်းကို ဝင် ရောက်တိုက်ခိုက်ချိန် ရေစကြိုမြို့ပေါ်ရှိ စစ်တပ်မှ စစ်ကူလာရောက်ခြင်းမရှိကြောင်း၊ ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာပြီးမှာသာ ရဲစခန်းအတွင်းနှင့် စစ်တပ်ကုန်းမှ ၆၀ မမ များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် – ပကဖ နှင့် နွေဦးစစ်သည်ရေ လယ်ကျွန်းစစ်ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article