24.9 C
Yangon

ထီးချိုင့်မြို့နယ်၊ ပျဥ်းစုရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ ပစ်ခတ်နေ

Must read

ထီးချိုင့်မြို့နယ်၊ ပျဥ်းစုရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ ပစ်ခတ်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ပျဥ်းစုရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ထီးချိုင့်မြို့နယ်၊ ပျဥ်းစုရွာကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲ ပစ်ခတ်နေကြောင်း သိရသည်။

” ထီးချိုင့်နယ်ထဲက ပျဉ်းစုရွာမှာ တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေက အခု ရွာကို ဂျက်ဖိုက်တာနဲ့ လာပစ်နေတယ်။ ပြည်သူတွေကတော့ ထွက်ပြေး တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ လက်လက်ရှိချိန်ထိ ပစ်ခတ်သံများ ကြားနေရကြောင်း ဒေသပြည်သူများထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article