28 C
Yangon

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပတွင် စစ်တပ် ဘက်တော်သား ပိုင် မိုက်တီး ဘီယာဆိုင်ကို သတိပေးဖောက်ခွဲတိုက်ခိုက်မှု ကား ၂ စီး ပျက်စီးပြီး ဆိုင်လုံခြုံရေး ဝန်ထမ်း ၁ ဦးဒဏ်ရာရ

Must read

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပတွင် စစ်တပ် ဘက်တော်သား ပိုင် မိုက်တီး ဘီယာဆိုင်ကို သတိပေးဖောက်ခွဲတိုက်ခိုက်မှု ကား ၂ စီး ပျက်စီးပြီး ဆိုင်လုံခြုံရေး ဝန်ထမ်း ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၄

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် စစ်ကောင်စီဘက်တော်သား ပိုင် မိုက်တီး ဘီယာဆိုင်ကို သတိပေးဖောက်ခွဲတိုက်ခိုက်ရာ ကား ၂ စီးပျက်စီးပြီး ဆိုင်လုံခြုံရေးဝန်ထမ်း ၁ ဦးဒဏ်ရာရရှိကြောင်း မြောက်ဥက္ကလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့ ၂ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ ည ၇ နာရီအချိန် မြောက်ဥက္ကလပမြို့နယ်၊ အမှတ် (၈၄၅၊၈၄၆)၊ သုဓမ္မာလမ်း၊ က္ကန္ဒာကားမှတ်တိုင်ရှေ့ရှိ မိုက်တီးဘီယာဆိုင် ကားပါကင်တွင် ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဘီယာဆိုင်သည် ညလုံးပေါက် ညစဉ် တီး၀ိုင်းသီချင်းသံများဖြင့် ဆူညံနေသည်ဟု ပြည်သူများက တိုင်ကြားလာပြီး ယင်းဆိုင်ကို စစ်ကောင်စီဘက်တော်သား တစ်ဦး ပိုင်ဆိုင်သည်ဟု သိရှိရသဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း မြောက်ဥကလာပမြို့နယ် ပြည်သူကာကွယ်ရေးတပ်ခွဲ ၂ မှ တာဝန်ရှိသူက ဆိုသည်။

“ပြည်သူတွေတိုင်လာတာများလာလို့ပါ။ အဲဒီဆိုင်ကလေ။ ညစဥ်တိုင်းသီချင်းသံတွေနဲ့။ အမြဲဒုက္ခပေးတယ်ဆိုလို့ပါ။ အခုတစ်ကြိမ်ကတော့ကားပါကင်လောက် ပဲ လုပ်တာပါ။ ကား၂စီးပျက်စီးတယ်။ လုံခြုံရေးဝန်ထမ်း၁ဦး အသေးစားဒဏ်ရာရတယ်။ နောက်တစ်ကြိမ် ပြည်သူတွေ ထပ်ပြီး တိုင်တန်းလာမယ်ဆိုရင် ဆိုင်အတွင်းထဲအထိ ဝင်ရောက်တိုက်ခိုက်မှာပါ။ အဲဒီဆိုင်က စစ်ကောင်စီဘက်တော်သား ပိုင်ဆိုင်တယ်လို့ သိရတယ်” ဟု မြောက်ဥက္ကလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့ ၂ မှ တာဝန်ရှိသူက ဆိုသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတချို့ကလည်း ယမန်နေ့ည ၇ နာရီအချိန် င်္ဗုံးပေါက်ကွဲသံကြားရကြောင်း အတည်ပြုပြောဆိုကြသည်။

မြောက်ဥက္ကလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့ ၂က မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ဒေါက်တိုင်များကို ဖြိုခွဲတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article