25 C
Yangon

တောင်သာမြို့ ထွေ/အုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲမှု မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး တို့ ထိခိုက်ဒဏ်ရာရ

Must read

တောင်သာမြို့ ထွေ/အုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲမှု မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး တို့ ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၄

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ( ထွေ/အုပ်ရုံး) ကို ဒရုန်းဖြင့် ဗုံးကျဲမှု မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး တို့ ထိခိုက်ဒဏ်ရာရရှိကြောင်း စစ်တပ်ဘက်က သတင်းထုတ်ပြန်မှုနှင့် ဒေသပြည်သူတချို့ ၏ ပြောဆိုချက်အရ သိရှိရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တန်းမြင့်ကျောင်းရပ်ကွက်၊ တောင်သာမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံး ၂ လုံးသည် တောင်သာ – နွားထိုးကြီးလမ်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်တပ်က လက်နက်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးကျရောက်မှုကို မြို့နယ်ထွေ/အုပ်နှင့် ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးနေစဉ် ဒရုန်းဖြင့် ဗုံး ၂ လုံး ထပ်မံကျဲချခဲ့ကြောင်း သိရှိရသည်။

“တောင်သာ အုပ်ချုပ်ရေးမှူး —–နဲ့ မြို့နယ်ရဲမှူး—-တို့ ဒရုန်းဗုံး ထိတယ်။ နှစ်ဦးစလုံး ဆေးရုံရောက်သွားတယ်။ သေတော့ မသေဘူး။ ထွေ/အုပ်ရုံးက လူတွေတော့ အကုန် ကြောက်ကုန်တယ်။ အခုက တစ်ခုခု အသံကြားရင် မိုးပေါ်ပါ ထောင်ပြီး သေနတ်နဲ့ ပစ်တာ။ ဒရုန်းလာမှာ သူတို့ လန့်ကုန်ကြပြီ။ အဲဒါ သူတို့ဆီမှာ ဒရုန်းပစ်လက်နက်ပေးထားတယ်။ မသုံးတတ်တာလား မသုံးတာလားတော့မသိဘူး” ဟု တောင်သာမြို့မှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

မြို့နယ်များတွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရလျှင် ဗုံးကျဲချခံရသည့်နေရာများကို အစုလိုက်အပြုံလိုက် သွားရောက်စစ်ဆေးခြင်းမပြုရန် စစ်ကောင်စီက ညွှန်ကြားချက်များ ထုတ်ပြန်ထားသည့်ကြားမှ ယင်းကဲ့သို့ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ ဒရုန်းဗုံးထိ၍ ဒဏ်ရာရရှိသူ မြို့နယ်ရဲမှူးနှင့်မြို့နယ် ထွေ/အုပ်တို့က ညွှန်ကြားချက် မလိုက်နာမှုဖြင့် အထက်သို့ ထုချေလွှာ တင်သွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။

(Facebook ၏ Community Standard အရ ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် ဒဏ်ရာရရှိသော မြို့နယ်ရဲမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့၏ အမည်များကို ဖော်ပြခွင့်မရရှိဘဲ ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/140356 တွင်မူ အမည်များကို အပြည့်အစုံ ဖော်ပြထား ပါသည်။ )

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article