25 C
Yangon

စစ်လေယာဉ်များနှင့် လက်နက်၊ နည်းပညာများကို ပံ့ပိုးခြင်း မပြုရန် ကြိမ်ဖန် များစွာ တောင်းဆိုနေသည့်တိုင် မြန်မာစစ်တပ်က ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိ လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို တင်သွင်းပြီး ပြည်သူကို သတ် ဖြတ်

Must read

စစ်လေယာဉ်များနှင့် လက်နက်၊ နည်းပညာများကို ပံ့ပိုးခြင်း မပြုရန် ကြိမ်ဖန် များစွာ တောင်းဆိုနေသည့်တိုင် မြန်မာစစ်တပ်က ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိ လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို တင်သွင်းပြီး ပြည်သူကို သတ် ဖြတ်

ရန်ကုန်၊ အောက်တိုဘာ ၁၄

အကြမ်းဖက်စစ်တပ်ထံသို့ စစ်လေယာဉ်များနှင့် စစ်လက်နက်ပစ္စည်း၊ နည်းပညာများကို ပံ့ပိုးခြင်းမပြုရန် ကြိမ်ဖန်များစွာ ကျယ်ကျယ်လောင်လောင် တောင်းဆိုနေသည့်တိုင် ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိ လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို တင်သွင်းပြီး ပြည်သူကို သတ်ဖြတ်နေကြေင်း ကုလသမဂ္ဂကော်မတီ အစည်းအဝေးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၁၂ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပနေသော ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စတုတ္ထကော်မတီ ၏ Assistance in Mine Action ခေါင်းစဉ်အောက်မှ ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

တရားမဝင် စစ်အာဏာသိမ်းချိန်မှစ၍ စစ်တပ်သည် မျိုးစုံသော ရက်စက်ကြမ်းကြုတ်မှု များကို ကျူးလွန်နေကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးမှ လူ့အခွင့်အရေး ကောင်စီ သို့ တင်ပြခဲ့သည့် အတိုင်း မြန်မာပြည်သူများသည် စစ်တပ်၏

(၁) အရပ်သား ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ခြင်း၊

(၂) မြေပြင် စစ်ဆင်ရေးပြုလုပ်စဉ်တွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့်

(၃) အရပ်သား ပြည်သူများ၏ နေအိမ်များနှင့် ပိုင်ဆိုင်မှုများကို ရည်ရွယ်ချက်ရှိရှိ အလွန်အကျူး မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှု (၃) မျိုးကို ၂၀၂၁ ခုနှစ် စစ်တပ်အာဏာ သိမ်းပြီးသည့်အချိန်မှစ၍ ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ မြန်မာစစ်တပ်က အမျိုးသမီးများနှင့် ကလေးများအပါအဝင် ပြည်သူ ၄,၁ဝဝ ကျော် ကို သတ်ဖြတ်ခဲ့ပြီး၊ နေအိမ် စုစုပေါင်း ၇၅,ဝဝဝ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ ၂ဝ၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံ၌ လေကြောင်းတိုက်ခိုက်မှု အကြိမ် အရေအတွက်သည် တစ်လလျင် ပျမ်းမျှအားဖြင့် အကြိမ် ၃ဝ ခန့် ရှိကြောင်း၊ ၉-၁၀-၂၀၂၃ ရက်နေ့ ညသန်းခေါင်ယံခန့်ကလည်း စစ်တပ်သည် ကချင်ပြည်နယ်၊ လိုင်ဇာရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းအား ဝေဟင်မှ လက်နက်ကြီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ် (၁၃) ဦး အပါအဝင် အရပ်သား (၃၀) ကို အသက်ဆုံးရှံးခဲ့ ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူလည်း အလွန်များပြားကြောင်း ဦးကျော်မိုးထွန်းက ပြောဆိုသည်။

တရားမဝင်အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်တပ်သည် တစ်ဘီလီယံ ဒေါ်လာကျော် တန်ဖိုးရှိသောလက်နက်နှင့် ဆက်စပ်ပစ္စည်းများကို တင်သွင်းဝယ်ယူခဲ့ကြောင်း၊ မြန်မာစစ်တပ်သည် စစ်လက်နက်ပစ္စည်း အထောက်အပံ့များကို နိုင်ငံအချို့ထံမှ ရရှိ နေဆဲဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်လေယာဉ်များနှင့် စစ်လက်နက်ပစ္စည်း/ နည်းပညာများကို မြန်မာ စစ်တပ်သို့ ပံ့ပိုးခြင်းမပြုရန် ကြိမ်ဖန်များစွာ ကျယ်ကျယ် လောင်လောင် တောင်းဆိုနေသည့်တိုင် မြန်မာစစ်တပ်မှ အဆိုပါ လက်နက်ပစ္စည်း များ အား ဆက်လက်၍ လက်ခံရရှိနေပြီး၊ ပြည်သူများအပေါ် ရက်စက်မှုများ ပြုလုပ်လျက် ရှိကြောင်း ဦးကျော်မိုးထွန်းက ရှင်းပြသည်။

ထို့ပြင် မြန်မာနိုင်ငံတွင်မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသော မိုင်းကြွင်းမိုင်းကျန်များသည် ပြည်သူများ၏ လုံခြုံရေး၊ ဘေးကင်းရေးနှင့် ကျန်းမာရေးအတွက် ဆိုးရွားသော အန္တရာယ်တစ်ခုဖြစ်ကြောင်း၊ မြန်မာစစ်တပ်သည် ၁၉၆၉ခုနှစ် မှစ၍ မြေမြှုပ်မိုင်းများ ဖြန့်ကျက်ရာတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လျက်ရှိကြောင်း‌ြ ပဋိပက္ခဒဏ်သင့်သည့် ဒေသရှိ ပြည်သူများ၊ မိုင်းဒဏ်သင့်သည့် ပြည်သူများနှင့် မိုင်းအန္တရာယ်မှ လွတ်မြောက်လာသည့် ပြည်သူများအား ကာကွယ်ရန်နှင့် လိုအပ် သည့် အကူအညီများပေးရန် အလွန်အရေးကြီးကြောင်း၊ ပြည်တွင်းရှိ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများသို့ ငွေကြေး ထောက်ပံ့မှုများနှင့် လိုအပ်သည့် အကူအညီများ တိုက်ရိုက်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပဋိပက္ခဒဏ်သင့် ပြည်သူများသို့ ရောက်ရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ မြန်မာပြည်သူများ အကျိုးဆောင်ရွက်နေသည့် အမျိုးသား ညီညွတ်ရေးအစိုးရအား ပံပိုးရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား တိုက်တွန်းကြောင်း၊ Explosive Ordnance Risk Education (EORE) အစီစဉ်များအား ဆောင်ရွက် ပေးနေသည့် UNICEF အား ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံ၏ အခြေအနေအား မျက်ခြေမပြတ်စောင့်ကြည့်နေရန်နှင့် ပြတ်သားသည့် ဆုံးဖြတ်ချက်များ ချရန် နိုင်ငံတကာအသိုင်းအဝိုင်းကို ဦးကျော်မိုးထွန်းက အသိပေး ထပ်လောင်းပြောကြားသည်။

စစ်အာဏာရှင် စနစ်ပျက်သုဉ်းခြင်း၊ ဒီမိုကရေစီ စနစ်ပြန်လည်ရှင်သန်ခြင်းနှင့် ဖယ်ဒရယ်ဒီမိုကရစီ ပြည်ထောင်စု တည်ထောင်ခြင်း ကသာလျှင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် စစ်တပ်၏ ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်မှုများ အမြစ်ပြတ် ချုပ်ငြိမ်းနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article