25 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၄ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-အကြမ်းဖက်စစ်တပ်ကို စစ်လေယာဉ်တွေ နဲ့ စစ်လက်နက် နည်းပညာ ပံ့ပိုးတာတွေ မလုပ်ဖို့

ကြိမ်ဖန်များစွာ ကျယ်ကျယ်လောင်လောင် တောင်းဆိုနေတဲ့ကြားက စစ်ကော်စီဟာ ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိတဲ့ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို တင်သွင်းပြီး ပြည်သူကို သတ်ဖြတ် နေတယ်လို့ ကုလသမဂ္ဂကော်မတီ အစည်းအဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။

– မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် နဲ့ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွေမှာ အကြမ်းဖက် စစ်တပ်က အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တစ်ရက်တည်းမှာပဲ တိုက်ပွဲ ၅ နေရာ ဖြစ်ပွားခဲ့တယ်လို့ TNLA သတင်းနှင့်ပြန် ကြားရေးဌာနဆီကနေ သိရပါတယ်။

– ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှု ကြောင့် အသက် ၁၂ အရွယ် ကလေးငယ် ၁ ဦးသေဆုံးခဲ့ရပြီး ၊ နောက်ထပ် ကလေးငယ် ၃ ဦးထိခိုက်ဒဏ်ရာ ရထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article