25 C
Yangon

ပုလဲတွင် စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး ကျေးရွာ ၁၃ ခုကို စစ်​ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူ ၆ ဦးကို ဖမ်းဆီးထား

Must read

ပုလဲတွင် စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး ကျေးရွာ ၁၃ ခုကို စစ်​ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူ ၆ ဦးကို ဖမ်းဆီးထား

ရန်ကုန်၊ အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး ကျေးရွာ ၁၃ ရွာကို စစ်​ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူ ၆ ဦးကို ဖမ်းဆီးထားကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပုလဲမြို့မှ ထွက်ခွာလာသော စစ်သားနှင့် ပျူ‌‌စောထီးများ ပါဝင်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပုလဲမြို့ အနောက်ဘက်ရှိ မြကုန်းရွာ၊ ဇေတီယျုံရွာ သေတ္တရာရွာ၊ ကြောင်သန်ရွာများကို ဝင်ရောက်‌ စီးနင်းပြီး ပြည်သူ ၇ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း၊ ဖမ်းဆီး သွားသော ပြည်သူများကို အကြမ်းဖက် စစ်တပ်က ဆင်ရှင်ကျေးရွာ အရောက်တွင် ပြန်လွှတ်ပေးခဲ့ပြီး စစ်ကြောင်း ၂ ကြောင်းခွဲ၍ ကျေးနင်းကြီးကျေးရွာနှင့် ဆင်ရှင်ကျေးရွာ တို့တွင် ညအိပ် တပ်စွဲခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်ခန့်အချိန် ဆင်ရှင်ရွာ၌ ညအိပ်တပ်စွဲခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ကျေးနင်းကြီးကျေးရွာတွင် ညအိပ် တပ်စွဲခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပုလဲမြို့နယ်၊ မြောက်ခြမ်းရှိ‌ ကျေးရွာများကို ဆက်လက်စစ်ကြောင်းထိုး စီးနင်းခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း​သည် ပုလဲမြို့နယ် မြောက်ခြမ်းရှိ သတင်းရွာ၊ ကံကြီးရွာ၊ ကြူခြံရွာ၊ ဇီးရင်းရွာ၊ မုံသွင်ရွာနှင့် ရွာနောင်ရွာများကို ဝင်ရောက် မွှေနှောက်ကာ ကံကြီးကျေးရွာမှ စစ်ဘေးရှောင်ပြည်သူ ၁ ဦးကို သတ်ဖြတ်ထားခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားပြီး မုံသွင်ရွာနှင့် ရွာနောင်ရွာတို့တွင် စစ်ကြောင်း ၂ ကြောင်းခွဲ၍ ညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မုံသွင်ရွာနှင့် ရွာနောင်ရွာမှ ဆက်လက် ထွက်ခွာလာပြီး လှိုင်းရွာ၊ ချင်ပြစ်ရွာ၊ ကြာစီရွာတို့ကို ဝင်ရောက် စီးနင်းကာ ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခဲ့ပြီး ကြာစီကျေးရွာမှ ပြည်သူ ၃ ဦးထက်မနည်းဖမ်းဆီးသွားကာ ပြည်သူများ မွေးမြူထားသည့် တိရစ္ဆာန်များကိုလည်း သတ်ဖြတ်စားသောက်သွားကြောင်း သိရှိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၁၁ ရက်နေ့က စတင်ကာ ပုလဲမြို့ပေါ်မှ ထွက်ခွာလာပြီး မြို့နယ် အနောက်ဘက်နှင့် မြောက်ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article