26 C
Yangon

ရွှေဘိုမြို့ပေါ်ရှိ နန်းတော်ရာ အတွင်း မိုင်းပစ်သွင်း တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ဝက်လက်ရှိ စခန်းသာရွာ၌ စစ်ကြောင်းက မြုပ်နှံခဲ့သည့် စစ်သား အလောင်း ၁ လောင်း တွေ့ရှိ

Must read

ရွှေဘိုမြို့ပေါ်ရှိ နန်းတော်ရာ အတွင်း မိုင်းပစ်သွင်း တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ဝက်လက်ရှိ စခန်းသာရွာ၌ စစ်ကြောင်းက မြုပ်နှံခဲ့သည့် စစ်သား အလောင်း ၁ လောင်း တွေ့ရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နန်းတော်ရာ အတွင်း မိုင်းပစ်သွင်း တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင် ရွှေဘိုနန်းတော်ရာ ဘန်ကာအတွင်း ကင်းပုန်းဝပ်နေသော စစ်သားများကို လက်ပစ်မိုင်း ၇ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း၊ တပ်ခွဲ ၁ (NaungYoe Army)၊ ရွှေဘိုကျားကြီး၊ တိုက်နယ် ၄ ရွေ့လျားမိုင်းတပ်ဖွဲ့၊ ရှိမ်းမကားတိုက်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ စခန်းသာရွာ၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မြုပ်နှံခဲ့သည့် စစ်သား အလောင်း ၁ လောင်း တွေ့ရှိခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းက စခန်းသာကျေးရွာကို စစ်ကြောင်း လာသည့် စစ်သားများကို ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းနှင့် မဟာမိတ် တပ်ရင်းများက တိုက်မိုင်း တိုက်ခိုက်ခြင်းကြောင့် စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသွားသော စစ်သား ၆ ဦးထဲမှ ၁ ဦးသည် ဆေးကုသမှု ခံယူနေစဥ် သေဆုံးခဲ့ခြင်းဖြစ်ပြီး ယင်းစစ်သား အလောင်းကို မြေမြုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျန် စစ်သား ၅ ဦးသည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူပိုင် နေအိမ်များအတွင်း ထည့်ကာ မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ဓားစာခံ အနေနဲ့ ဖမ်းဆီးသွားတဲ့ ပြည်သူတွေ ပြောပြချက်အရ ဒီလ ၁၀ ရက်နေ့မှာ မြေမြုပ်ထားတာကို ဖော်ပြီး စစ်ဆေးတာ စစ်ခွေး အလောင်း တစ်လောင်း တွေ့ရှိခဲ့တာပါ”ဟု ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article