29 C
Yangon

ကိုးကန့်ဒေသတွင် စစ်တပ်နှင့် MNDAA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၁၆ ဦးသေဆုံးကာ လက်နက်များ သိမ်းဆည်းရရှိ

Must read

ကိုးကန့်ဒေသတွင် စစ်တပ်နှင့် MNDAA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၁၆ ဦးသေဆုံးကာ လက်နက်များ သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသတွင် အကြမ်းဖက် စစ်တပ်နှင့် MNDAA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၁၆ ဦးသေဆုံးကာ လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ စကခ ၁၂ တပ်ရင်း ၃၃၅ စစ်သားများသာ် လူအင်အား ၃၀ ကျော်ဖြင့် ပြည်သူ ၁ ဦး ဖမ်းဆီးကာ လမ်းပြ ပြုလုပ်ခိုင်းပြီး MNDAA တပ်ဖွဲ့ရှိရာကို ရောက်ရှိလာစဥ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲသည် ညနေ ၃ နာရီ ၅ မိနစ်ခန့် အထိ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ အရာရှိများ အပါအဝင် ၁၆ ဦး သေဆုံးကာ စစ်သားများ တပ်ပျက်ပြီး လက်နက်များ စွန့်ပစ် ထွက်ပြေးကာ MNDAA တပ်ဖွဲ့ဝင်များက လိုက်လံ ပစ်ခတ် တိုက်ခိုက်ခဲ့​ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲအတွင်း MNDAA တပ်ဖွဲ့ဝင်များက သေနတ် ၁၀ လက် ၊ ၆၀ မမ ပစ်အမြောက် ၁ လက် ၊ လက်ပစ် အမြောက် ၁ လက် ၊ ကျည်ဘောက် ၁၄ ခု ၊ ကျည်ဆန် ၂၁၈ တောင့် ၊ အသံလွှင့်စက် ၁ လုံး ၊ လက်ကိုင်ဖုန်း ၁ လုံး ၊ ဂြိုလ်တုဖုန်း ၁ လုံး နှင့် အခြား ထောက်ပံ့ရေးပစ္စည်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article