29 C
Yangon

နတ်တလင်းမြို့နယ်တွင် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦးသေဆုံး၊ မြင်းခြံတွင် ကင်းလှည့်နေသော ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦးသေဆုံး

Must read

နတ်တလင်းမြို့နယ်တွင် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦးသေဆုံး၊ မြင်းခြံတွင် ကင်းလှည့်နေသော ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၆

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်​ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ မကျီးပင် ဆင်သေဖျားမှ ဉာဏ်လယ်ဆင်ဝိုင်းကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၁ ၊တပ်ခွဲ ၂ Phoenix DF အဖွဲ့က ဉာဏ်လယ် နှင့် ဆင်ဝိုင်း အကြားတွင် Sniper ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

စနိုက်ပါဖြင့် ပစ်ခတ်ပြီးနောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် တိုက်ပွဲပြီးဆုံးခဲ့ကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် ပကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အနီးတွင် နေထိုင်ခြင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်အတူ ခရီး သွားလာခြင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အဆက်အသွယ် ပြုလုပ်ခြင်းများ မပြုလုပ်ဘဲ ရှောင်ရှားသွားလာကြရန် ပဲခူးတိုင်း သာယာဝတီခရိုင် တပ်ရင်း-၃၈ဝ၁ တပ်ခွဲ ၂ Phoenix D F က ထုတ်ပြန်ထားသည်။

ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ကင်းလှည့်နေသော ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း – NRDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာ ၉ ရက်နေ့ ည ၇ နာရီ မိနစ် ၃၀ ခန့်တွင် မြင်းခြံ- တောင်သာလမ်းပိုင်းရှိ ကွမ်းစိုက်ကျေးရွာ တောင်ဘက် ကုလားကန်ကွေ့ဇရပ်၌ ကင်းလှည့်နေသော မြင်းခြံမြို့မှ ပျူစောထီးများ နားနေချိန် ဇရပ်အတွင်းရှိ အသင့်ထောင်ထားသော မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF ၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း နှင့် မြင်းခြံမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article