26 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

ချက်နိုင်ငံ ပရာ့ဂ်မြို့မှာ ကျင်းပနေတဲ့ Forum 2000 Conference ကို အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက်ဆွေးနွေးနေတယ်တယ်လို့ သိရပါတယ်။

– မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ညောင်ဇင်ကျေးရွာ နဲ့ လက်ဝဲကျေးရွာမှာရှိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ အထိုင် စခန်း ၂ ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဒရုန်းနဲ့ ဗုံးသီးတွေ ကျဲချ တိုက်ခိုက် ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၆ ဦး သေသွားတယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၄ – နွားထိုးကြီး PDF တပ်ဖွဲ့ဆီကနေ သိရပါတယ်။

– စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် နဲ့ ပုလဲမြို့နယ် အစပ်မှာရှိတဲ့ ဆင်တဲ-ကျေးရွာကို ဒီကနေ့ အောက်တို ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းကစပြီး အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေတဲ့အပြင် ၊ ကျေးရွာတွေကိုပါ စစ်ကြောင်းထိုး စီးနင်းနေတဲ့အတွက် ကျေးရွာနေ ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေ ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article