35 C
Yangon

ယင်းမာပင်၊ သဲကုန်းကျေးရွာမှ ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၆ ဦးကို စစ်တပ်က ရိုက်နှက် ခေါင်း ဖြတ်သတ်၊ ရွာသားတစ်ဦးကို ဖမ်းဆီးပြီးမှ ကျန် ၅ ဦးကို ဖုန်းဆက်ခေါ်ခိုင်း၍ ရောက်ရှိမှ ၆ ဦး လုံးကို ရိုက်နှက် ခေါင်းဖြတ်သတ်ခြင်းဖြစ်

Must read

ယင်းမာပင်၊ သဲကုန်းကျေးရွာမှ ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၆ ဦးကို စစ်တပ်က ရိုက်နှက် ခေါင်း ဖြတ်သတ်၊ ရွာသားတစ်ဦးကို ဖမ်းဆီးပြီးမှ ကျန် ၅ ဦးကို ဖုန်းဆက်ခေါ်ခိုင်း၍ ရောက်ရှိမှ ၆ ဦး လုံးကို ရိုက်နှက် ခေါင်းဖြတ်သတ်ခြင်းဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သဲကုန်းကျေးရွာမှ ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၆ ဦးကို စစ်တပ်က ရိုက်နှက်ခေါင်းဖြတ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ယင်းမာပင်မြို့နယ်၊ သဲကုန်ကျေးရွာမှ ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၆ ဦးကို စစ်တပ်က ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါစစ်ကြောင်းသည် ပုလဲမြို့မှ ယင်းမာပင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်း ဖြစ်ကြောင်း သိရှိရသည်။

“သူတိုရွာထဲက နေထွက်သွားတာ့ ရွာသား တွေရွာထဲပြန်ဝင်တဲ့အချိန် သူတို့သတ်ထားခဲ့တဲ့အလာင်း တွေရွာအဝင်မှာ တွေ့ခဲ့ရတာဗျ။ သတ်တာက ရှားအနှစ်တုတ်နဲ့ ဦး ခေါင်း တွေကို ရိုက်ပြီး သတ်ထားခဲ့တာပါ။ ပြည်သူကာကွယ်ရေးအဖွဲဝင်မဟုတ်ဘူးဗျ။ ဒီ ၆ ဦးစလုံးက‌ေတာ့ သာမာန်အရပ်သားတွေပါ။သေဆုံးတဲ့သူတွေအမည် သဲကုန်းရွာသား ကိုဇော်မောင်၊ ကိုဇော်သူ၊ ကိုမောင်လင်း သူတို့ကအသက် ၃၀ ကျော်ဝန်းကျင်တွေပါ။ အသက်၁၇နှစ် အရွယ်ကျောင်းသား ၃ ဦး က မောင်ခန့်နေနိုင်၊ မောင်သန့်ဇင်ဦး၊ မောင်သန်းထိုက်အောင် အသက် ၁၇ နှစ် ဝန်းကျင် ဖြစ်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က ကလေး ၃ ဦး အပါအဝင် ပြည်သူ ၆ ဦးကို သတ်ဖြတ်ရာတွင် ပထမ ဦးစွာ ကျေးရွာသားတစ်ဦးကို ဖမ်းမိကြောင်း၊ ယင်းနောက် ကျန် ကျေးရွာသားများကို ဖုန်းဆက်ခေါ်ခိုင်းပြီး ရောက်ရှိလာမှ အားလုံးကို ရိုက်နှက်သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အောက်တိုဘာလ ၁၄ ရက်နေ့ ယင်းမာပင်မြို့နယ် သဲကုန်းရွာမှာ စစ်ခွေးတွေက ဝင်မွှေပါတယ်။ အဲဒီအချိန်မှာ ရွာသားအားလုံး တိမ်းရှောင်ကြသော်လည်း အောက်တိုဘာလ ၁၅ ရက်နေ့မှာ စစ်တပ်စစ်ကြောင်း ထွက်သွားပြီးတဲ့နောက် ၂ မိုင်ခန့်ဝေးတဲ့ ရွှေလှံရွာကို စစ်ကြောင်း ပြောင်းရွှေ့သွားပြီလို့ သတင်းရတဲ့အတွက် သဲကုန်းရွာသားတစ်ယောက်က နွား ဝက်တွေကို အစာကျွေးဖို့ စိတ်စောပြီး ရွာထဲဝင်သွားတယ်။ ရွာထဲရောက်ရှိချိန်မှာ စစ်တပ်စစ်ကြောင်း တစ်ဝက်က ကင်းပုန်းဝပ်ထားတာနဲ့ တိုးတယ်။ အဲဒီရွာသားကို ဖမ်းတယ်။ နောက် ရွာအပြင်က ရွာသားတွေကို စစ်ကြောင်းမရှိတော့ဘူး၊ ရွာထဲပြန်ဝင်လို့ ရပြီဆိုပြီး ဖုန်းဆက်ခေါ်ခိုင်းတယ်။ အဲဒီမှာ ရွာသားတွေထဲက အရွယ် ကောင်း ကလေး ၃ ဦး အပါအဝင် ရွာသား ၆ ယောက်ကို အောက်တိုဘာလ ၁၆ ရက်နေ့မှာ ရိုက်သတ်တယ်။။ တင်းပုတ်တွေနဲ့ ရိုက် သတ်ဖြတ်ထားခဲ့တယ်။ ကျန် ဖမ်းမိတဲ့ ရွာသားတွေကို ဓားစာခံအဖြစ် ခေါ်သွားတယ်” ဟု အသတ်ခံရသူ ရွာသားတစ်ဦး၏ ဆွေမျိုးတစ်ဦးက ပြောဆိုသည်။

ပြည်သူ ၆ ဦးကို သတ်ဖြတ်ခဲ့သော စစ်တပ်စစ်ကြောင်းသည် သဲကုန်းကျေးရွာမှ ဆင်ဆဲကျေးရွာ၊ ရွှေလှံကျေးရွာတို့သို့ ဝင်ရောက် ဖျက်ဆီးသွားပြီး ရင်ပေါင်တိုင်နှင့် မြင်သာကုန်းကျေးရွာတို့ထံသို့ ဝင်ရောက် စခန်းချနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article