31 C
Yangon

ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်တပ်၏ ရေယာဥ် အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များ မြစ်ကြောင်း တစ်လျှောက် လိုက်လံ တိုက်ခိုက်

Must read

ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်တပ်၏ ရေယာဥ် အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များ မြစ်ကြောင်း တစ်လျှောက် လိုက်လံ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘာ အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက မြစ်ကြောင်း တစ်လျှောက် လိုက်လံ တိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၁၇ ရက် မွန်းတည့် ၁၂ နာရီခွဲခန့်က လက်နက်ခဲယမ်းများ၊ ရိက္ခာများ တင် ဆောင်ပြီး ဧရာဝတီ မြစ်ကြောင်းမှ ချင်းတွင်းမြစ်ကြောင်းကို ကူးကာ ဆန်တက်လာသော အကြမ်းဖက် စစ်ကောင်စီ၏ ဖလပ်ခွံ ၄ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝကျေး ရွာအနီး၌ ရှေ့ပြောင်းတိုက် ၆ လုံးဖြင့်လည်းကောင်း၊ ရွှေကုန်ကျေးရွာအနီး၌ ရှေ့ထွက်ပြောင်းတိုက် ၉ လုံးဖြင့်လည်းကောင်း ဖောက်ခွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးမှုသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ရတာဗျ၊ ဖလက်ခွန်တွေအပေါ်မှာ စစ်ခွေးတော်တော်များများပါတယ်၊ လက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကို ရမ်းပစ်တာတွေရှိတယ်၊ ပြည်သူတွေထိခိုက်မှုတော့ မရှိပါဘူး၊ အခု တော့ မင်းဒေါင့်ဆိပ်ကမ်းကိုရောက်နေတယ်ဗျ၊ အထက်ကို ဆက်ဆန်တက်မယ်လို့ သတင်းကြား ရ တယ်” Brave Heart Army (BHA) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာ ခရိုင်တပ်ရင်း ၁၀ တပ်ခွဲ ၂ Chindwin Fighter Group (C.F.G) အဖွဲသားများ မှ ဦးဆောင်၍ Brave Heart Army (BHA)တပ်ဖွဲ့နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ် ရေးတပ် ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့အောင်မြင်ခဲ့ကြောင်း သိရသည်။

အလားတူ အဆိုပါ အကြမ်းဖက်စစ်တပ် ဖလက်ခွန်သင်္ဘာ ၄ စီးကို တဖက်ပွင့် မိုင်း ၆ လုံးဖြင့် ၂ နေရာခွဲ ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၂၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

မွန်းလွဲ ၁ နာရီခန့်တွင် မုံရွာခရိုင်တပ်ရင်း ၂၃ နှင့် တိုက်နယ် ၃ ပကဖ ညီနောင်များ ပူးပေါင်းကာ တဖက် ပွင့်မိုင်း ၆ လုံးဖြင့် ၂ နေရာခွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ကျည်မျိုးစုံ အတောင့် ၈၀ ဖြင့်ထပ်မံ ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မုံရွာ ခရိုင်တပ်ရင်း ၂၃ အနေဖြင့် တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နိုင်ရန် လက်နက်၊ ခဲယမ်းများနှင့် ရဲဘော် များစားသောက်ရေး အခက်အခဲဖြစ်ပေါ်နေပြီး မိဘပြည်သူများအနေဖြင့် ၅၀၀၊ ၁၀၀၀ မှအစ ဝိုင်းဝန်း ကူညီ ထောက်ပံ့ပေးကြ ပါရန် မုံရွာခရိုင်တပ်ရင်း ၂၃ က မေတ္တာရပ်ခံထားသည်။

Photo – အညာပစ်တိုင်းထောင်လေးများအဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article