30 C
Yangon

ရေဦးမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၉ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရေဦးမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၉ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၉ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရေဦးမြို့မှ ထွက်ခွာလာသည့် အင်အား ၁၃၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီပဲယင်းမြို့နယ်ကို အင်အားသွားရောက်ဖြည့်တင်းရန် ရေဦးမြို့နယ် အနောက်ခြမ်းကို စစ်ကြောင်းထိုး စီးနင်းလျက်ရှိကြောင်း သိရသည်။

လက်ရှိချိန်တွင် ရေဦးမြို့နယ် အနောက်ခြမ်းရှိ ငြုတ္တုံရွာ၊ မုတ်စီရွာ၊ မူးဆုံရွာ၊ ရွာမိဿာရွာ၊ မစိုးရိမ်ရွာ၊ ပျော်ဘွယ်ရွာ၊ ဇီးကုန်းရွာ၊ ခြုံရွာ နှင့် ကျီကုန်းရွာမှ ပြည်သူ ၁၀၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဒီနေ့မနက် ရေဦးကနေ ခွေး အင်အား ၁၃၀ကျော်နဲ့ ဒီပဲယင်းကို အင်အားဖြည့်ဖို့ ရေဦးအနောက်ခြမ်းကိုစစ်ကြောင်းထိုးနေတယ်။ ရေဦး-ဒီပဲယင်း ကားလမ်း တစ်လျှောက် ဦးတည်သွားနေတယ်။ လက်ရှိ ခွေးစစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်တွေ ရမ်းပစ်နေတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင် မုတ်စီရွာမှ ထွက်ခွာလာစဥ် ရေဦးနယ်မြေခံ ကာကွယ်ရေးအဖွဲ့တွေက မူးဆုံ အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး လက်ရှိချိန်တွင် မစိုးရိမ်ရွာဘက် ရောက်ရှိနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article