27 C
Yangon

ရွှေဘိုမြို့ရှိ ကညနရုံးကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ မြန်မာ့စီးပွားရေး ဘဏ်ကိုလည်း ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရွှေဘိုမြို့ရှိ ကညနရုံးကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ မြန်မာ့စီးပွားရေး ဘဏ်ကိုလည်း ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ကညနရုံးကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း စိုင်နိုင်ကြီး တိုက်နယ် (ပ.က.ဖ) တာဝန်ခံ ဗိုလ်သိဒ္ဓိက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ရွှေဘိုမြို့ ကညနရုံးအတွင်းရှိ စစ်သားများကို လက်ပစ်မိုင်း ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော စစ်သားများနှင့် ဒဏ်ရာရ စစ်သားများကို လူမှုကူညီရေးကား ၂ စီးဖြင့် ခလရ ၄၂ တပ်အတွင်းကို သယ်ဆောင်သွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) နှင့် တာနောယက္ခပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ မြန်မာ့ စီးပွားရေးဘဏ်ကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Shwe Bo federal Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင် ရွှေဘိုမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဘဏ်တွင် အကြမ်းဖက် စစ်သားများ လုံခြုံရေး အပြည့်ချထားပြီး ဘန်ကာ တည်ဆောက်ထား​ကာ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်ခြင်းသည် ရွှေဘိုမြို့ တောင်ဘက် မုဒ်ပေါက်မှ စစ်သားများ ကင်းပတ်ပြီး ပြည်သူများကို ဖိအားပေး ခြိမ်းခြောက် ဖမ်းဆီး အနိုင်ကျင့်နေသည့်အတွက် တို က်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Shwebo Federal Army SBFA နှင့်မဟာမိတ် ညီနောင်များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article