26.2 C
Yangon

စစ်ကိုင်းနှင့် သရက်ချောင်းတွင် ပျူစောထီးများ ပစ်ခတ် တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ ဇွန် ၁၀

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းတွင် ပျူစောထီး ကားတစ်စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ဇွန်လ ၈ ရက်နေ့က စစ်ကိုင်းမြိုနယ် စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းတွင် ပြည်သူလူထုအား အနိုင်ကျင့် နှိပ်စက်နေသော စစ်ကော်မရှင် လက်အောက်ခံ ပျုစောထီး မျောက်ကြီးမောင်းနှင်လာသည့် ကားကို ကြိုတင် သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး ကားမှာ လက်ပံကျေးရွာအတွင်းသို့ မောင်နှင်ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော် လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်း-မင်းကွန်းလမ်းကို အသုံးပြုနေကြသော မိဘပြည်သူများအနေဖြင့်လည်း စစ်ကော်မရှင် တပ်သားများနှင့် တတ်နိုင်သမျှ ဝေးဝေးမှ ရှောင်ကွင်းသွားလာကြပါရန်နှင့် နံနက် ၅ နာရီမှ ည ၈ နာရီ အတွင်း သာသွားလာကြပါရန် အနူးအညွတ်တောင်းဆိုထားပြီး ညအချိန်လွန်မောင်းနှင်သော မည်သည့်မော်တော်ယာဉ်မဆို တိုက်ခိုက်သွားမည်ဖြစ်ကာ ဖြစ်ပေါ်လာ သော ကိစ္စရပ်များကို တာဝန်ယူမည်မဟုတ်ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ပြောဆိုထားသည်။

အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင်လည်း ပျူစောထီး ဝင်းဇော် ပစ်ခတ် တိုက်ခိုက်ခံရပြီး အရေးပေါ် ကုသမှုခံယူနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် သရက်ချောင်းမြို့နယ်အတွင်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ပူးပေါင်းပါဝင်နေသော ပျူစောထီး ဝင်းဇော်ကို အမည်မသိ သေနတ်သမားများက ပန်းတောရပ်ကွက် စစ်တပ်ဂိတ်အနီးရှိ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ဝင်းဇော်ကို သရက်ချောင်းမြို့နယ်ဆေးရုံသို့ ပို့ဆောင်နေပြီး ဆေးကုသမှု ခံယူနေကာ သေဆုံးနိုင်ကြောင်း သိရသည်။

“ဝင်းဇော်က လက်ဖက်ရည်ဆိုင်မှာရှိနေတဲ့ သေနတ်နဲ့ ပစ်ခံရတာလို့တော့ သိရတယ်။ သေမသေတော့ မသိဘူး။ သရက်ချောင်းဆေးရုံရောက်နေတယ်ပဲ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article