26 C
Yangon

ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီခန့် မြို့ချောင်း ၈ မိုင်ရွာ အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ ပျူစောထီး ၂ ဦး စုစုပေါင်း ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီခန့် မြို့ချောင်း ၈ မိုင်ရွာ အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ ပျူစောထီး ၂ ဦး စုစုပေါင်း ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၉

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်ရာ ၄ ဦးသေဆုံးပြီး WY ဆေးပြားများ သိမ်းဆည်းရရှိခဲ့ကြောင်း PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်မိုးကြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ပဲခူးတိုင်း၊ ကျောက်တံခါး မြို့နယ်၊ မြို့ချောင်း ၈ မိုင်ရွာ အုပ်ချုပ်ရေးမှူး အေးလှိုင်နှင့် ဇနီးချောစုတို့ကို မြို့ချောင်း ပဲခူးရိုးမဖြတ်ကျော်လမ်း ၄၆ မိုင်တွင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အေးလှိုင်ထံမှ ဖုန်း ၃ လုံးနှင့် WY ဆေးပြား ၅၀ ပြား ၊ စိတ်ကြွဆေးပြား ၂ ကပ်နှင့် ငွေသား ၁၀၅၀၀ ကျပ် သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ကျောက်တံခါး မြို့နယ်၊ ၁၄ ရွာမှ ပျူစောထီး ထက်ဝေယံကျော် နှင့် ဖတို့ရွာမှ ပျူစောထီး အောင်အောင်တို့ကို မြို့ချောင်း ပဲခူးရိုးမဖြတ်ကျော်လမ်း ၄၆ မိုင်အနီးတွင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ၂ ဦးထံမှ ဆိုင်ကယ် ၁ စီး ၊ ဖုန်း ၁ လုံး ၊ WY ဆေးပြား ၅၁ ပြား စိတ်ကြွဆေး ၂ ကပ် နှင့် ငွေသား ၇၅၀၀ ကျပ်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ပျူ ၂ ကောင်နဲ့ အုပ်ကြီး လင်မယားနဲ့က အချိတ်အဆက်အမြဲလုပ်ပြီး မူးယစ်ဆေး ဖြန့်နေတာလို့ ပျူ ၂ကောင်ကပြောသွားပါတယ်။ အုပ်ကြီးက မြို့ချောင်း ၈မိုင်ရွာက အဲ့ဒီအုပ်ကြီးက ခွေးကြားထဲ ကမထွက်ဘူး။ ပျူစောထီး ၂ ကောင်ကလည်း ခွေးတွေက သူတို့ကို သတင်းထောက်ဖို့ လွှတ်လိုက်တာပါ”ဟု PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်မိုးကြိုးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article