32.5 C
Yangon

ရွှေဘိုမြို့နယ်အတွင်း စစ်တပ်က ၈ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေ

Must read

ရွှေဘိုမြို့နယ်အတွင်း စစ်တပ်က ၈ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ၈ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း တမာရင်ခွင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့က စတင်ကာ ဝက်လက်မြို့နယ်မှ ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အချိန်ကြာမြင့်လာသောကြောင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိချိန်ထိ ဘုန်းဘွဲ့ရွာ ၊ စိုင်နိုင်လေးရွာ ၊ အုန္နဲဘုတ်ရွာ ၊ နှောပင်ရွာ ၊ ဆင်ပြေရွာ ၊ သနတ်ချောင်ရွာ နှင့် မိတ်ထီလာရွာတို့မှ ထောင်နှင့် ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ပြည်သူတွေက တိမ်းရှောင်နေရတာ ရက်ကြာလာတော့ စားနပ်ရိက္ခာတွေ လိုနေတယ်။ ကျန်တော်တို့ လူမှုကူညီရေးအသင်းကလည်း စစ်ဘေးရှောင် ပြည်သူတွေကို တစ်ရက်ကို ဆန် ၆ တင်းနေ့တိုင်းကျွေးနေရပါတယ်။ ရုံးခန်းမှာလည်း ဆီပုံးအနည်ငယ်ပဲ ကျန်တော့တယ်။ ဆန်နဲ့ဆီ အဓိကလိုအပ်နေပါတယ်”ဟု တမာရင်ခွင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ဘုန်းဘွဲရွာနှင့် နှောပင်ရွာ တို့တွင် ရောက်ရှိလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article