26 C
Yangon

မိုးကုတ်မြို့နယ်တွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံး၊ မူဆယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ

Must read

မိုးကုတ်မြို့နယ်တွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံး၊ မူဆယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ

ရန်ကုန်၊ အောက်တိုဘာ ၂၁

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီအထိ အကြမ်းဖက် စစ်တပ်၏ တပ်မ – ၄၄ ၊ ခြေလျင်တပ်ရင်း – ၁၀၂၊ ၁၀၄ ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း – ၈၈ တို့က တအာင်းတပ်မတော် – PSLF/TNLA ရှိရာ မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာအနီး အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာသော ကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က အောက်ညောင်ကုန်းရွာနှင့် ဖြူရောင်ရွာ အတွင်းမှ RPG – 7 ၊ ၆၀ မမ များအပြင် လက်နက်ကြီးများဖြင့် ၃၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ တီမားရွာအနီးနှင့် လွယ်မောက်တောင်အနီး အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တံတားဦးလေဆိပ်မှ ဂျက်ဖိုက်တာတိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် TNLA တို့အကြား အောက်တိုဘာလအတွင်း ထိတွေ့ တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article