26 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၂၁ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်မှာ (ဖျာပုံ နဂါးနက် တပ်ဖွဲ့) ဝင်တွေလို့ စစ်ကောင်စီက စွပ်စွဲပြီး ဖမ်းဆီးထားတဲ့ အမျိုးသမီး တစ်ဦး အပါအဝင် လူငယ် ၁၅ ဦးကို သေဒဏ်တွေ ၊ မသေမချင်းကြိုးကွင်းစွပ်သတ် ပြစ်ဒဏ် တွေ နဲ့ နှစ်ရှည်ထောင်ဒဏ်တွေကို ခရိုင်တရားသူကြီး ဒေါ်သူဇာအေးက ချမှတ်လိုက်တယ်လို့ သိရပါတယ်။

– ပဲခူးတိုင်း၊ ဖြူးမြို့နယ်က အုတ်ဖြတ်-တံတားမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စခန်း နဲ့ လေးအိမ်စု- ကျေးရွာအတွင်း ဝင်ရောက် နေတဲ့ စစ်ကောင်စီတပ်သားတွေကို ရိုးမစစ်ကြောင်း ၂ နဲ့ ပူးပေါင်း အဖွဲ့တွေကနေ ဒရုန်းတွေနဲ့ ဗုံးကျဲ တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား စုစုပေါင်း ၁၁ ဦး သေသွားတယ်လို့ တောင်ပိုင်းတိုင်း အထူးကွန်မန်ဒိုတပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် ကိုပြောပါတယ်။

– မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်နိုင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့ ပြည်သူတွေ မျှော်လင့်နေပြီး ကုလသမဂ္ဂ အနေနဲ့ မြန်မာပြည်သူတွေအပေါ် တာဝန် မပျက်ကွက် သင့်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article