36 C
Yangon

ရေဦးရှိ ရွှေကျီးမင်း စစ်ဆေးရေးဂိတ်မှ သွေးတိုးဖြင့် သေဆုံးသွားသော တပ်ကြပ်ကြီး၏ နာရေးရက်လည်ကို ဒရုန်းဖြင့် ဗုံးကျဲပြီး ရော့ကတ်ဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရေဦးရှိ ရွှေကျီးမင်း စစ်ဆေးရေးဂိတ်မှ သွေးတိုးဖြင့် သေဆုံးသွားသော တပ်ကြပ်ကြီး၏ နာရေးရက်လည်ကို ဒရုန်းဖြင့် ဗုံးကျဲပြီး ရော့ကတ်ဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အနောက်ဘက်အထွက်ရှိ အကြမ်းဖက် စစ်တပ်၏ ရွှေကျီးမင်း စစ်ဆေးရေးဂိတ်မှ သွေးတိုးဖြင့် သေဆုံးသွားသော တပ်ကြပ်ကြီး၏ နာရေးရက်လည်ကို ဒရုန်းပြီး ရော့ကတ်ဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ YE U PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၂၁ ရက် နံနက် ၈ နာရီ ၄၁ မိနစ်ခန့်က ရေဦးမြို့အနောက်ဘက်အထွက်ရှိ ရွှေကျီးမင်း စစ်ဆေးရေးဂိတ်၌ တာဝန်ကျပြီး သွေးတိုးသေဆုံးသွားသော တပ်ကြပ်ကြီးတစ်ဦး၏ ရက်လည်ဆွမ်းသွပ်ပြုလုပ်နေစဉ် မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးသီး ၄ လုံး၊ SBB14B Rocket ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိရောက်စွာပစ်ခတ်နိုင်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကာ ရက်လည် ဆွမ်းသွပ်ပွဲလည်းပျက်စီးသွားကြောင်း သိရသည်။

“တပ်ကြပ်ကြီးက အဲဒီဂိတ်မှာတာဝန်ကျရင်းနဲ့ အဲဒီဂိတ်မှာပဲ သေတာဗျ၊ ကျနော်တို့ ဒရုန်းနဲ့ ဗုံးသီး ၄ လုံး ချတယ်၊ ရော့ကတ်နဲ့ ၂ လုံးပစ်တယ်၊ အဲလိုတိုက်ခိုက်ခဲ့တာ၊ ထိခိုက်မှုအခြေအနေတော့ မသိရ သေး ဘူးဗျ၊ ရက်လည် ပွဲပျက်သွားပြီးတော့ ကားနဲ့ မြို့ထဲ ပြန်ဝင်ပြေးကြတယ်လို့ သတင်းရတယ်၊ ပစ် မှတ် ကိုတော့ထိခဲ့တယ်၊ ဂိတ်နားရော၊ ကပ်လျက်ရော ရှေ့မှာရော၊ ကွက်တိရော ကျရောက်ပေါက်ကွဲ ခဲ့တာ၊ သူတို့က တိုက်ပေါ်မှာ နာရေးရက်လည်လုပ်နေတာဆိုတော့ တိုက်ပေါ်ကနေ ပြေးဆင်းလာတာ တွေ လည်း မြင်ရတယ်၊ စစ်ခွေးတွေဘက်က ၆၀ မမ လက်နက်ကြီးပြောင်းရှည် ၃ လုံးနဲ့ပြန်ပစ်တယ်၊ လက် နက်ငယ်တွေနဲ့ ပြန်ပစ်တာတွေရှိတယ်” ရွှေဘိုခရိုင်တပ်ရင်း ၁၄ YE U PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ယနေ့ အောက်တိုဘာလ ၂၁ ရက် ညနေ ၄ နာရီ ၅ မိနစ်တွင် အဆိုပါရွှေကျီးမင်းစစ်ဆေးရေး ဂိတ်ကို ရော့ကတ်ဖြင့် ၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေ ဆုံးမှုရှိနိုင်သော်လည်း အတိအကျ မသိရသေးကြောင်း၊ အဆိုပါတိုက်ခိုက်မှုများကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article