ညောင်လေးပင်ခရိုင်တွင် စစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်းများနှင့် နေအိမ်များ ပျက်စီး၊ ကျေးရွာ ၁၀ ခုမှ ပြည်သူများ ထွက်ပြေးနေရ
ရန်ကုန်၊ အောက်တိုဘာ ၂၅
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်မှုနယ်မြေ ခလယ်လွီထူခရိုင်တွင် ၂ ရက်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ် ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ လေကြောင်းဖြင့် တိုက်ခိုက်မှုတို့ကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီး ကျောင်း ၂ ကျောင်း၊ နေအိမ် ၁ လုံး၊ ထိခိုက်ပျက်စီးကာ ကျေးရွာ ၁၀ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်း ရှောင် နေရကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်မှ ည ၁၀ နာရီ ၁၇ မိနစ်အထိ KNU-လယ်ဒိုမြို့ နယ်၊ ဖိုးတကျေးရွာနှင့် ခြောက်တဲစုကျေးရွာ အတွင်းသို့ ပိန်းဇလုပ်အခြေစိုက် ခလရ – ၂၄၆ တပ်u လက်နက်ကြီး စုစုပေါင်း အလုံးရေ ၄၀ ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ဖိုးတကျေးရွာ အတွင်းရှိ ဘုန်းကြီး ကျောင်း ၁ ကျောင်း၊ မီးစက် ၁ လုံး၊ ထွန်စက် ၁ စီးနှင့် ခြောက်တဲစုကျေးရွာမှ နွား ၂ ကောင် ကျည်စ ထိမှန်ဒဏ်ရာရ၊ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်အချိန် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စင်းဖြင့် တလိုင်းခင်ကျေးရွာ အနီးနှင့် ဖိုးတကျေးရွာအတွင်းသို့ ၅ ကြိမ်၊ ဖိုးတ ကျေးရွာ နှင့် ဒေါင်းမို့ကျေးရွာ ကြားတွင် ၂ ကြိမ် စက်သေနတ်ကြီးဖြင့် လှည့်ပတ်ပစ်ခတ်ခဲ့ရာ ထိခိုက် ပျက်စီးမှုများရှိကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် ဆောထိမြို့နယ်၊ စပ်စုကျေးရွာအတွင်းသို့ ဗန်းမော်တန်းတွင် ရောက်ရှိ နေသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခမရ-၃၅၀ ၊ ပျူစောထီးနှင့် အင်္ဂနီပြည်သူ့စစ် တို့ ပူးပေါင်းစစ်ကြောင်း အင်အား ၂၀ ခန့်က စနိုက်ပါဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ရာ လယ်ထဲသို့ စပါးသွားလှန်း သည့် စပ်စုကျေးရွာသား အသက် ၄၁ နှစ်အရွယ် ဦးမင်းမင်း၏ ညာဘက်ခြေသလုံးကို ထိမှန်ခဲ့ကြောင်း သိရှိရသည်။
ထို့အတူ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်မှ ည ၉ နာရီခွဲခန့်အချိန်အထိ KNU− လယ်ဒိုမြို့နယ်၊ နတ် သံကွင်းမှ အကြမ်းဖက်စစ်တပ်က ဖိုးတကျေးရွာသို့ လက်နက်ကြီး ၇ လုံးနှင့် တောကြောင် ပေါက်ကျေး ရွာသို့ လက်နက်ကြီး ၂ လုံး၊ ပိန်းဇလုပ် အခြေစိုက်တပ် ခလရ- ၂၆၄ အကြမ်းဖက် စစ်တပ်စခန်းu ဖိုးတ ကျေးရွာသို့ လက်နက်ကြီး ၆ လုံးနှင့် ချုံအင်းကျေးရွာသို့ လက်နက်ကြီး ၂ လုံး၊ ကုန်းချောင်းဝ၌ ရှိသော အကြမ်းဖက်စစ်တပ်က တောကြောင်ပေါက်ကျေးရွာသို့ လက်နက်ကြီး ၂ လုံးနှင့် ဖိုးတကျေးရွာသို့ လက်နက်ကြီး ၁ လုံးတို့ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တောကြောင်ပေါက် ဘုန်းကြီးကျောင်း( အောက်ကျောင်း) ကို ထိမှန် ပျက်စီးခဲ့ပြီး အသက် ၁၂ နှစ်အရွယ်ရှိ စောအယ်ခူဆဲနှင့် အသက် ၅၂ နှစ်အရွယ်ရှိ ညားဒါးဒါးတို့ လက် နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၃ ရက်နေ့ တစ်ရက်တည်းမှာပင် နံနက် ၆ နာရီခန့်မှ မွန်းလွဲ ၁ နာရီခွဲခန့်အချိန်အထိ KNU− ဆောထိမြို့နယ် ၊ ဂွေး ကုန်း၊ ကျောက်တန်း၊ မောင်ပြားနှင့် ကွင်းတလာကြီး စသည့်ကျေးရွာများသို့ ခလရ-၂၀ စခန်း၊ သံဆိပ် စခန်း၊ မဒေါက်နှင့် ရေကြည်ချောင်းကျေးရွာသို့ ရောက်ရှိ နေသော အကြမ်းဖက် စစ်သားများu ၁၂၀ မမ ၅ လုံး၊ ၈၁ မမ ၄ လုံး၊ ၆၀ မမ ၃ လုံး ပစ်ခတ်ခဲ့ပြီး ထိခိုက်မှုတစုံတစ်ရာ မရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ပြည်သူလူထုနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လယ်ဒိုမြို့နယ်၊ နံဇကျေးရွာအုပ်စုရှိ နံဇကျေးရွာ၊ တလိုင်းခင်ကျေးရွာ၊ ဖိုးတကျေးရွာ၊ ခြောက်တဲစုကျေးရွာ၊ ရွာသာယာကျေးရွာ၊ ကုန်းချောင်းဝကျေးရွာနှင့် ဆောထိမြို့နယ်ရှိ ဂွေးကုန်းကျေး ရွာ၊ ကျောက်တန်းကျေးရွာ၊ မောင်ပြားကျေးရွာ၊ ကွင်းတလာကြီးကျေးရွာတို့မှ ပြည်သူများမှ အသက် ဘေးလွတ်ရာထွက်ပြေးနေရကြောင်း သိရှိရသည်။
Photo − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးရမှုများနှင့် ထွက်ပြေးတိမ်းရှောင်ရမှုများ။