26 C
Yangon

စစ်ကိုင်း၊ ကျောက်ပနံရွာတွင် တပ်စွဲထားသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၁ ဦးသေဆုံး၊ ဝက်လက်တွင် သံလမ်း ပြင်ဆင်ရေး လုံခြုံရေးစစ်တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်

Must read

စစ်ကိုင်း၊ ကျောက်ပနံရွာတွင် တပ်စွဲထားသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၁ ဦးသေဆုံး၊ ဝက်လက်တွင် သံလမ်း ပြင်ဆင်ရေး လုံခြုံရေးစစ်တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်

ရန်ကုန်၊ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ပနံကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော အ ကြမ်း ဖက်စစ်သားများကို ဒရုန်းဖြင့် ၂ ရက် ဆက်တိုက်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် စစ်ကိုင်းမြို့နယ်၊ ကျောက်ပနံကျေးရွာ ဘုန်းကြီး ကျောင်းအတွင်း အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ၊ ထိခိုက်ဒဏ်ရာရရှိသူများကို စစ်တပ်က ညတွင်းလာရောက်ခေါ်ဆောင်သွားကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန်တွင်လည်း အဆိုပါ ဘုန်းကြီးကျောင်းအတွင်းရှိ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း ၂ ၊တပ်ခွဲ ၁ ၊ စစ်ကိုင်းမြို့နယ် ပကဖ၊ ပဒူတိုက်နယ် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၂၇ မိနစ်အချိန် ဝက်လက်မြို့နယ် အရှေ့ခြမ်းတွင် သံလမ်း ပြုပြင်နေမှုကို လုံခြုံရေးယူပေးနေသည့် စစ်တပ်စစ်ကြောင်းကို ၁၂၀ မမ၊ ၈၁ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသ တော်လှန်ရေးတပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်၏ တိုက်ခိုက်ရေး ဒရုန်းတစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article