ဝက်လက်မြို့နယ်၊ ရွာသစ်ကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသစ်ကျေးရွာ စာသင်ကျောင်းနှင့် နေအိမ်များ၌ အထိုင်ချ တပ်စွဲထား သော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း ၂ မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၂၃ ရက် မွန်းတည့် ၁၂ နာရီခန့်က ဝက်လက်မြို့နယ်၊ ရွာသစ်ကျေးရွာရှိ စာသင် ကျောင်းနှင့် စာသင်ကျောင်းဘေးရှိ နေအိမ်များ၌ မီးရထားသံလမ်းပြုပြင်ရန် လုံခြုံရေးအဖြစ် အစောင့်အဖြစ် ရောက်ရှိတပ်စွဲနေထိုင်သော အကြမ်းဖက် စစ်ကောင်စီတပ်သား ၂၀ ခန့် ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များမှ ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံး မှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ခွေးသေထိခိုက်မှုတော့ အတိအကျ သတင်းမရသေးပါဘူး၊ ပြည်သူကို တိကျသေချာမှပဲ တင်ပြချင်တာ ပါ၊ပြန်လည်တုန့်ပစ်ခတ်တာမျိုးမရှိဘူး။ အပြင်ကိုလည်း ထွက်လာတာမျိုးမရှိဘူး။ ဒရုန်းနဲ့ ချခဲ့တာဆို တော့ ကျနော်တို့ဘက်က ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။တပ်စွဲထားတာ ထက် ရထားသံလမ်း လုံခြုံရေးအတွက်အစောင့်သဘောမျိုးရောက်ရှိနေတာပါ” ဟု စစ်ကိုင်းခရိုင် တပ် ရင်း ၂ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း ၂ ၊ တပ်ခွဲ ၁ ၊ ရွှေဘိုခရိုင် တပ်ရင်း ၂ ၊ ပဒူတိုက်နယ် ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။