30.5 C
Yangon

တန့်ဆည်မြို့ပေါ်ရှိ နေအိမ်များနှင့် စျေးဆိုင်များကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၇ ဦးကို ဖမ်းဆီးသွား

Must read

တန့်ဆည်မြို့ပေါ်ရှိ နေအိမ်များနှင့် စျေးဆိုင်များကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၇ ဦးကို ဖမ်းဆီးသွား

ရန်ကုန်၊ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ လမ်းဆုံမြို့ပေါ်ရှိ နေအိမ်များနှင့် စျေးဆိုင်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့တွင် တန့်ဆည်နှင့် ကန့်ဘလူ နယ်စပ်ရှိ ကာဘိုးရွာမှ လာသည့် အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တန့်ဆည်မြို့ပေါ်ရှိ ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ပြည်သူ ၇ ဦးကို ဖမ်းသွားတယ်လို့ သိရတယ်။ လူလတ်ပိုင်းအမျိုးသား ၅ ဦးထက်မနည်းဘူး ဖမ်းတဲ့အထဲပါသွားတယ်။ ဖမ်းခံရသူတွေ ဘယ်သူတွေလဲဆိုတာတော့ စုံစမ်းဆဲပါ။ မြို့ပေါ်ရှာရှိတဲ့ ၄ နေရာလောက်ကို ရှို့သွားတယ်လို့ သိရတယ်။ အခုထိ ဖုန်းလိုင်းတွေ ဖြတ်ထားလို့ မြို့ပေါ် ဆက်သွယ်ရ ခက်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခံရသည့် နေရာများမှာ ရွှေဥယဉ်အိမ်၊ မြတ်ထူးချွန်ကျူရှင်ဟောင်း၊ မိုးသောက်ကြယ် လက်ဖက်ရည်ဆိုင်၊ သစ္စာဦးကားဂိတ်တို့အပါအဝင် လူနေအိမ်များကိုလည်း မီးရှို့ ဖျက်ဆီးသွားကြောင်း သိရှိရသည်။

တန့်ဆည်မြို့ပေါ်ရှိ နေအိမ်များနှင့် စျေးဆိုင်များကို မီးရှို့ဖျက်ဆီးပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရဲစခန်းထဲ၌ တပ်စွဲထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article