26 C
Yangon

ဒီပဲယင်း၊ ရှမ်းတောရွာတွင် စစ်တပ်က ပစ်ခတ် စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူများကို ဖမ်းဆီး ၊ဆားလင်းကြီး၊ ညောင်ပင်ကြီးရွာကို စစ်တပ်က မီးရှို့နေ

Must read

ဒီပဲယင်း၊ ရှမ်းတောရွာတွင် စစ်တပ်က ပစ်ခတ် စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူများကို ဖမ်းဆီး ၊ဆားလင်းကြီး၊ ညောင်ပင်ကြီးရွာကို စစ်တပ်က မီးရှို့နေ

ရန်ကုန်၊ အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ရှမ်းတောရွာကို အကြမ်းဖက် စစ်တပ်က သေနတ်များ ပစ်ဖောက်ကာ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူများကို ဖမ်းဆီးထား​ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ကံပြားကျေးရွာမှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ်က ရှမ်းတောကို သေနတ်များ ပစ်ဖောက်ကာ စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းပြီး ကျေးရွာနေ ပြည်သူများနှင့် ဆိုင်ကယ် ၁၁ စီးကို ဖမ်းဆီးထား​ကြောင်း သိရသည်။

“ရွာထဲက မီးခိုးတွေ ထွက်တာတွေ့ရတယ် ဘာကိုရှို့နေလဲ မသိရဘူး။ ရှမ်းတောကို စစ်ခွေးတွေက ပစ်ခတ်ဝင်ရောက်လာတာ ပြည်သူတွေ အဖမ်းခံရတယ်ကြားတယ်။ ဆိုင်ကယ် ၁၁ စီးလည်း ပါသွားတယ်လို့သိထားရတယ်။ ဖြစ်စဥ်အသေးစိတ်ကို စုံစမ်းနေတုန်းပဲ” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ပြောဆိုသည်။

လတ်တလော ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ ၁၈ ရက်နေ့မှ စတင်ကာ စစ်​ကြောင်းထိုးနေပြီး ကျေးရွာပေါင်း ၁၃ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း၊ စစ်ရှောင်စခန်း ၁၁ ခု ဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်လျက်ရှိကြောင်း၊ စစ်ဘေးရှောင် ပြည်သူများ အချိန်ကြာမြင့်စွာ စစ်ရှောင်နေရသည့်အတွက် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ညောပင်ကြီးရွာရှိ ထန်းတောဘက်၌ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ဒီနေ့ နံနက်ပိုင်းလောက်ကရှို့နေတာ ပျက်စီးဆုံးရှုံးမှုနဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article