30.5 C
Yangon

ဆားလင်းကြီး၊ ညောင်ပင်ကြီးရွာ ဇက်ဆိပ်အနီး စစ်တပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးကာ လက်နက် ၁ လက် သိမ်းဆည်းရရှိ၊ စစ်တပ်က အထိနာ၍ ပြည်သူများ၏ နေအိမ်များကို မီးတင်ရှို့

Must read

ဆားလင်းကြီး၊ ညောင်ပင်ကြီးရွာ ဇက်ဆိပ်အနီး စစ်တပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးကာ လက်နက် ၁ လက် သိမ်းဆည်းရရှိ၊ စစ်တပ်က အထိနာ၍ ပြည်သူများ၏ နေအိမ်များကို မီးတင်ရှို့

ရန်ကုန်၊ အောက်တိုဘာ၂၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးရွာ ဇက်ဆိပ်အနီး စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ယနေ့နံနက်ပိုင်း တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးကာ လက်နက် ၁ လက် သိမ်းဆည်းရရှိကြောင်း ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၇ နာရီအချိန် စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ ဇက်ဆိပ်အနီး စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ညောင်ပင်ကြီးရဲစခန်းမှ စစ်သားများက ဇက်ဆိပ်အနီးတွင် ဂိတ်ဖွင့်၍ လာရောက် ဆက်ကြေးကောက်ရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး တိုက်ပွဲဖြစ်ခြင်းဖြစ်ကြောင်း၊ သိရှိရသည်။

*မုံရွာဘက်ကို ကူးတဲ့ ဇက်ဆိပ်ကမ်းကို လာပြီး စစ်တပ်က ဆက်ကြေးကောက်တာ။ ဆက်ကြေးကောက်တဲ့ စစ်သား၆ ဦး ကို ပစ်ခတ်ခဲ့တာပါ။ စစ်သားက ၄ ဦး ကတော့ နေရာမှာတင် သေတယ်။ တစ်ဦးက ဗိုက်ပွင့်ထွက်ဒဏ်ရာရသွားတယ်။ တစ်‌ဦးကတော့ ကြောက်လန့်ပြီး သစ်ပင်ကြီးပတ်ပုန်းနေတာ။ လက်နက်က အကုန်လုံးမကောက်နိုင်ခဲ့ဘူး။ G3 တစ်လက်ပဲ ကောက်နိုင်ခဲ့တယ်။ အဲဒီ‌သေနတ်မှာ ကျည်က ၇တောင့်ပဲပါတယ်” ဟု ဆားလင်းကြီးမြို့နယ် တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းအဖွဲ့ တပ်ရင်းမှူး ဗိုလ်စွမ်းသူမောင်က ပြောဆိုသည်။

စစ်ဆင်ရေးကို တွေ့ရာသင်္ချိုင်းဓါးမဆိုင်းအဖွဲ့၊ အဆိုပါအဖွဲ့၏ တပ်ခွဲ ၂ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကာင်စီတပ်က ညောင်ပင်ကြီးကျေးရွာနှင့် ထန်းဝောာရွာမှ ပြည်သူများ၏ နေအိမ်များကို မီးတင်ရှို့နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက်တိုက်ပွဲတွင် သိမ်းဆည်းရရှိသော စစ်ကောင်စီတပ်ဘက်မှ လက်နက် ၁ လက်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article