နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးရွာအနီးရှိ စစ်တပ်ဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၂၆
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးရွာအနီးရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် ပစ်ခတ်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးကျေးရွာ ကားလမ်းထိပ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစု (OPRF – PLA) က အနီးကပ် ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ပစ်ခတ် တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးခဲ့ပြီး အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစု (OPRF – PLA) တပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ဂိတ်စခန်းဝန်းကျင်ကို အင်အားများ ထပ်မံ ဖြည့်တင်းကာ ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။