ရှမ်းမြောက်ဒေသရှိ စစ်အာဏာရှင် ချေမှုန်းရေး စစ်ဆင်ရေး ၁၀၂၇ တွင် ဗမာ ပြည်သူ့ လွတ်မြောက်ရေး တပ်တော် (BPLA) ပါဝင်တိုက်ခိုက်နေ
ရန်ကုန်၊ အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် မြောက်ပိုင်း မဟာမိတ် ညီနောင် ၃ ဖွဲ့က ဆင်နွဲနေသော စစ်အာဏာရှင် ချေမှုန်းရေး စစ်ဆင်ရေး ၁၀၂၇ တွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ပါဝင်တိုက်ခိုက်နေကြောင်း BPLA မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ကျွန်တော်တိုတပ်ဖွဲတွေကတော့ ကွမ်းလုံ၊ ဟိုပန်နဲ့ ချင်းရွှေဟော် ဒေသတဝိုက်မှာ အဓိကလှုပ်ရှားနေပါတယ်” ဟု BPLA မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။