30 C
Yangon

ကော့ကရိတ်မြို့ကို KNU ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ သေဆုံးသူများ ရှိနေပြီး အရှင်ဖမ်းဆီးရ မိသော စစ်သုံ့ပန်းများလည်းရှိနေ

Must read

ကော့ကရိတ်မြို့ကို KNU ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ သေဆုံးသူများ ရှိနေပြီး အရှင်ဖမ်းဆီးရ မိသော စစ်သုံ့ပန်းများလည်းရှိနေ

ရန်ကုန်၊ အောက်တိုဘာ ၂၇

ကရင်ပြည်နယ်၊ ကော့ရိတ်မြို့ကို KNU/KNLA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်နေပြီး မြို့‌ နေရာအနှံ့တိုက် ပွဲဖြစ် နေကြောင်း၊ စစ်သားများတပ်စွဲထားရာ ဘုန်းကြီးကျောင်းတစ်ခု၊ စစ်ထောက် လှမ်း ရေး စရဖရုံး နှင့် သတင်းရဲတပ်ဖွဲ့(SB) ရုံးတို့ကို သိမ်းပိုက်မီးရှို့ ဖျက်ဆီး နိုင်ခဲ့ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံ သို့ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၂၇ ရက် နံနက် ၅ နာရီခန့်အချိန်မှစတင်၍ ကော့က ရိတ် မြို့သိမ်းတိုက်ပွဲအဖြစ် KNLA ပူး ပေါင်း တပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက် လျက်ရှိရာ ယခုချိန်အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး အကြမ်း ဖက် စစ်ကောင် စီ တပ်သားများ တပ်စွဲထားသည့် ဘုန်းကြီးကျောင်းတစ်ခုကို သိမ်းပိုက်နိုင် ပြီဖြစ်ကြောင်း၊ ခြေ လျင်တပ်ရင်း-ခလရ ၉၇ အနောက်ဘက် ဂေါက်ကွင်း ဘေးနေရာရှိ စစ်ကောင်စီလက် အောက်ခံ ရဲသ တင်း တပ်ဖွဲ့ရုံး၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးရုံး ၂ ခု မီးရှို့ ဖျက်ဆီးထားကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်း ရရှိထားကြောင်း သိရသည်။

“မနက်စောစောကထဲက ဖြစ်တာ၊ တော်လှန်ရေးတပ်တွေက မြို့ထဲအထိ‌ ရောက်နေပြီ၊ စကစတွေ တပ်စွဲထားတဲ့ ဘုန်း ကြီးကျောင်း တစ်ကျောင်းတော့ သိမ်းလိုက်နိုင်ပြီကြားတယ်၊ လက်နက်တွေလည်း ရထားတယ်တဲ့၊ မြို့ဝင်သိမ်း နေတာ၊ တိုက်ပွဲက မပြီးသေးဘူး၊ စကစတွေဘက်က လက်နက်ကြီးတွေနဲ့ ရမ်းထုနေတယ်၊ ပြည်သူ တွေ၊ နေအိမ်တွေ ထိခိုက်မှုတော့ရှိနိုင်မယ်၊ အတိ အကျပြောလို့မရသေးဘူး၊ လေယာဉ်တော့ အခုထိ မလာဘူး” ဟု တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ သေဆုံးသူများ ရှိနေပြီး အရှင်ဖမ်းဆီးရရှိသော စစ်သုံ့ပန်း စစ်သားများလည်း ရှိနေကြောင်း၊ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲအတွင်း ကော့ကရိတ်မြို့နေပြည်သူများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရပြီး အချို့ပြည်သူများမှာ နေအိမ်များ အတွင်း၌ ပုန်းခိုပိတ်မိနေကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ တပ်က လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် နေအိမ်များ၊ ပြည်သူများ ထိခိုက်မှုရှိ နိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article