26 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်စီးပြီး ပြည်သူ ၁ ဦး ဒဏ်ရာရရှိ

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်စီးပြီး ပြည်သူ ၁ ဦး ဒဏ်ရာရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၇

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးပြီး ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းဘကေအဲန်ယူ−ဗဟိုထံမှ သိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်မှ နံနက် ၁၀ နာရီအထိ ခေါလိုကလိုးကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်မှု ၁ ကြိမ် တိုက်လေယာဥ်ပါ စက်သေနတ်ဖြင့် ၁ ကြိမ် ပစ်ခတ်ခဲ့ပြီး ညားနော်ပစော်၏ နေအိမ်တည့်တည့်ပေါ်သို့ လေယာဉ်ဗုံး ကျရောက် ပေါက်ကွဲသည့်အတွက် နေအိမ်နှင့် နေအိမ်တွင်းရှိ ပစ္စည်းများ၊ ဓာတ်ဆီများ၊ ပရိဘောဂများ၊ အိမ်သာ၊ ဆိုလာပြား၊ အခြားပစ္စည်းများ နှင့် ကျေးရွာကျန်းမာရေးအတွက် ထားရှိသည့် ဆေးဝါးများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက်ပိုင်းတွင် ကွီးလားကျေးရွာကိူ အကြမ်းဖက် စစ်တကပ်က ထပ်မံဗုံးကျဲတိုက်ခိုက်မှု ၁ ကြိမ် တိုက်လေယာဉ်ပါ စက်သေနတ်ဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူ အသက် ၄၅ နှစ်အရွယ် နော်ဆွဲလာဖော ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ လယ်ဒိုမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း အကြမ်းဖက် စစ်တပ်၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပြည်သူများသည် ယခုအချိန်အထိ စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

ဆောထိမြို့နယ်အတွင်းရှိ တကက်ပူကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ၁ ကြိမ်၊ ဘောကော်ကျေးရွာကို ၁ ကြိမ် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ၎င်း ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဆောထိမြို့နယ်ရှိ လိုးထာကျေးရွာ၊ သေခိုစယ်ဒဲကျေးရွာ၊ ဃော်လေးခို ကျေးရွာ၊ ဝါးခါဒဲကျေးရွာ၊ လိုခီးကျေးရွာ၊ ကော်မူဒဲကျေးရွာနှင့် စော်ရိုးခိုကျေးရွာ စသည့် ကျေးရွာမှ ပြည်သူ ၁၄၀၉ ဦး သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရှိရသည်။

အောက်တိုဘာလအတွင်း ညောင်လေးပင်ခရိုင်၌ အကြမ်းဖက် စစ်ကောင်စီ တပ်က အောက်တိုဘာလ ၁၇ ရက်နေ့တွင် လယ်ဒိုမြို့နယ်ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၆ ကြိမ်၊ ဂျက်တိုက်လေယာဉ်ပါ စက်သေနတ်ဖြင့်ပစ်ခတ်မှု ၆ ကြိမ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ တွင် ဟော်လီကော်ပတာဖြင့် ပစ်ခတ်မှု ၇ ကြိမ်၊ ထို့နောက် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ကြိမ်၊ ဂျက်ဖိုက်တာလေယာဉ်ပါ စက်သေနတ်ဖြင့် ပစ်ခတ်မှု ၃ ကြိမ် စုစုပေါင်း ၂၅ ကြိမ်ခန့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article