30.5 C
Yangon

ဝက်လက်မြို့ပေါ်တွင် ဆိုင်ကယ်ဖြင့်လာသည့် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ဝက်လက်မြို့ပေါ်တွင် ဆိုင်ကယ်ဖြင့်လာသည့် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်တွင် ဆိုင်ကယ်ဖြင့်လာသည့် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း လျှပ်စီး‌‌ ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဝက်လက်မြို့ပေါ်ရှိ ပျူစောထီးများက မြို့တောင်ဘက်ကို ဆိုင်ကယ်ဖြင့် ထွက်လာစဥ် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ပျူစောထီး ၂ ဦးမိုင်းမိကာ သေဆုံးခဲ့ပြီး ကျန် ၁ ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရှိရသည်။

” ပျူခွေး ၁ ကောင်ကတော့ မိုင်းဆွဲတဲ့ နေရာမှာပဲ ပွဲချင်းပြီးသေပါတယ်။ အခု သတင်းထပ်ရတယ်။ ဒဏ်ရာရသွားတဲ့ ပျူခွေး ၁ ကောင်လည်း ဆေးကုသနေရင် သေပြီလို့သိရတယ်။ အားလုံးပေါင်း သေတာ ၂ ကောင်ပါ” ဟုလျှပ်စီး‌‌ ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယင်း မိုင်းဆွဲ တိုက်ခိုက်ခံရသော နေရာကို ဝက်လက်မြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီတပ်သားများက စစ်ကား ၂ စီး ဖြင့် လာရောက်ပြီး ပျူစောထီး အလောင်းနှင့် ဒဏ်ရာရသူများကို ကားဖြင့် သယ်ယူသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ အစေခံတော်လှန်ရေးတပ်ဖွဲ့၊ နတ်တောင်နဂါးနှင့် လျှပ်စီး‌‌ ပြောက်ကျားအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article