30 C
Yangon

မန္တလေး တံတားဦးလေတပ်မှ ရဟတ်ယာဉ်နှင့် ဂျက်တိုက်လေယာဉ်များ ရှမ်းပြည်မြောက်ပိုင်းသို့ တောက်လျှောက်တက်နေ

Must read

မန္တလေး တံတားဦးလေတပ်မှ ရဟတ်ယာဉ်နှင့် ဂျက်တိုက်လေယာဉ်များ ရှမ်းပြည်မြောက်ပိုင်းသို့ တောက်လျှောက်တက်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၇

မန္တလေး တံတားဦးလေတပ်မှ ရဟတ်ယာဉ်နှင့် ဂျက်တိုက်လေယာဉ်များ ရှမ်းပြည်မြောက်ပိုင်းသို့ တောက်လျှောက်တက်နေကြောင်း ဒေသပြည်သူများ နှင့် ကင်းထောက်အဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်ဝန်းကျင်မှစတင်၍ တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များ တောက် လျှောက် ဆိုသလို တက်နေပြီး တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်နယ်၊ မြောက်ပိုင်းသို့ ဦးတည် ပျံသန်းနေကြောင်း ၊ ဂျက်တိုက်လေယာဉ် အနည်းဆုံး ၃ စီးထက် မနည်း တက်သွားပြီး ရဟတ်ယာဉ် ၂ စီး၏ အသံလည်းကြားရကြောင်း ဒေသ ပြည်သူများက ဆိုသည်။

“ရဟတ်ယာဉ်သံလည်း ကြားရတယ်။ တိုက်လေယာဉ်သံတွေလည်း ကြားရ တယ်” ဟု မန္တလေးဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article