30 C
Yangon

နမ့်ခမ်းမြို့နယ်ရှိ စစ်တပ် စခန်း ၃ ခုကို TNLA က တိုက်ခိုက် သိမ်းပိုက်၊ စစ်သား အလောင်း ၁၈ လောင်းနှင့် လက်နက် အများအပြား သိမ်းဆည်းရရှိ

Must read

နမ့်ခမ်းမြို့နယ်ရှိ စစ်တပ် စခန်း ၃ ခုကို TNLA က တိုက်ခိုက် သိမ်းပိုက်၊ စစ်သား အလောင်း ၁၈ လောင်းနှင့် လက်နက် အများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စခန်း ၃ ခုကို TNLA က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၇ရက်နေ့ နံနက် ၄ နာရီခန့်တွင် TNLA တပ်မဟာ ၁ စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ် ကားလမ်းရှိ ၁၃ မိုင် တပ်စခန်း၊ ၁၂ မိုင် တပ်စခန်းနှင့် မန်မိုင်တပ်စခန်း (မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း) တို့ကို တအာင်းတပ်မတော် PSLF/TNLA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ TNLA တပ်မဟာ ၆ စစ်ဒေသ၊ လာရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းနှင့် တိန်တန်တပ်စခန်းတို့ကိုလည်း ယနေ့ နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်ကလည်း ဂျက်ဖိုက်တာ ၇ ကြိမ်၊ Mi-35 တိုက်ခိုက်ရေး ရဟက်ယဥ်ဖြင့် ၅ ကြိမ်နှင့် ၁၂၀/၁၀၅ ဟောင်ဝေဇာအမြောက်ဖြင့် ၁၂ ကြိမ် တိုက်ပွဲဖြစ်သည့် နေရာများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား အလောင်း ၁၈ လောင်းနှင့် M16- ၃လက်၊ ငါးကြင်းမီး- ၁လက်၊ MA4- ၂လက်၊ MA3- ၁၁လက်၊ 60MM- ၂လက်၊ ပစ္စတို- ၁လက်၊ လက်ပစ်ဗုံး- ၂၀၀လုံး၊ M9- ၇လုံး၊ RPG- ၅၀လုံး၊ 60MM ဗုံးသီး- ၃၀ လုံး၊ 60MM ကျည်- ၁၀၀လုံး၊ မိုင်း- ၄လုံး၊ ကျည်ဆံ- ၁၀၀၀၀ လုံး(တစ်သောင်းကျော်) စသည့် စစ်အသုံးအဆောင် ပစ္စည်းများစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article