29 C
Yangon

ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်များနှင့် လက်အောက်ခံ ပြည်သူ့စစ်များ လက် နက်ချ အလင်းဝင်ရန် MNDAA က ပြင်းပြင်းထန်ထန် သတိပေး

Must read

ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်များနှင့် လက်အောက်ခံ ပြည်သူ့စစ်များ လက် နက်ချ အလင်းဝင်ရန် MNDAA က ပြင်းပြင်းထန်ထန် သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသရှိ လက်နက် ကိုင်ဆောင်ထားသော ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ်သားများ လက်နက်ချ အလင်း ဝင်ရန် MNDAA ၏ စစ်ရေးအုပ်ချုပ်မှုကော်မတီက ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ ကိုးကန့် ရုပ်သေးအဖွဲ့၏ လက်နက်ကိုင် တပ်ဖွဲ့ ဝင်များဖြစ်သော စစ်သားနှင့် ရဲ များသည် မိမိတို့ အသိစိတ် ဖြင့် လက်နက်ချ၍ MNTJP/MNDAA ရှိရာ နေရာကို လာရောက်အလင်းဝင်ရမည်ဖြစ်ကြောင်း၊ MNTJP/MNDAA သည် ရောက်ရှိ လာသူမှန်သမျှ၏ အသက်အိုးအိမ် စည်းစိမ် များကို ကာကွယ်စောင့်ရှောက်သွားပါမည်ဖြစ်ပြီး ဆက်လက်၍ ခေါင်းမာပြီး ဆန့်ကျင်နေပါက ပြင်းထန်စွာအရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

“စစ်သုံ့ပန်းအား ဂရုတစိုက် စောင့်ရှောက်ရေး” ဟူသော မူဝါဒသည် စစ်ကောင် စီ တပ်ဖွဲ့ဝင်များ အတွက်ပါ အကျုံးဝင်ပြီး လက်နက်ချ၍ အလင်းဝင်ရောက် လာပါက စစ်သုံ့ပန်းမူဝါဒကို အပြည့်အဝခံစားရမည်ဖြစ်ကြောင်း၊ ဒဏ်ရာ ရသူများ ကိုလည်း ကောင်းမွန်စွာ ကုသပေးသွားပါမည်ဖြစ်ပြီး ကိုးကန့် ဒေသ အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ကိုးကန့်ရုပ်သေးအဖွဲ့များ၏ စစ်သား၊ ရဲ နှင့် အုပ်ချုပ်ရေး ဝန်ထမ်းများအနေဖြင့် MNTJP/MNDAA ထံကို မိမိတို့ အသိ စိတ်ဖြင့် အပြစ်ဝန်ခံရန် လာရောက်သောသူများကို လှိုက်လှဲစွာ ကြိုဆိုကြောင်း အသိပေးစာတွင် ဖော်ပြထားသည်။

MNTJP/MNDAA အနေဖြင့်လည်း ပြစ်မှုများကို သဘောထားကြီးစွာဖြင့် စီရင်ဖြေရှင်းပါမည်ဖြစ်ပြီး အဆိုပါ သတိပေးစာသည် ထုတ်ပြန်သည့်နေ့မှစ၍ စစ်ရေးအုပ်ချုပ်မှုကာလပြီးဆုံးသည်အထိ အာဏာတည် အကျုံးဝင်မည် ဖြစ် ကြောင်း သိရသည်။

ကိုးကန့် ရုပ်သေးအဖွဲ့၏ အဆင့်ဆင့်သော အုပ်ချုပ်ရေးနှင့် ဌာနဝန်ထမ်း များအနေဖြင့် မိမိ၏ လုပ်ငန်းတာဝန် နှင့်သက်ဆိုင်သော စာရွက်စာတမ်း ဓာတ် ပုံ၊ စာရင်းဇယား၊ ဘောက်ချာ နှင့် ငွေကြေးများကို ကောင်းမွန်စွာ ထိန်းသိမ်း ထားရမည်ဖြစ်ကြောင်း၊ အထက်ဖော်ပြပါ ပစ္စည်းများကို ရည်ရွယ်ချက် ရှိရှိဖြင့်ဖျက်ဆီးပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ပြီး ပစ္စည်းများကို ထိန်း သိမ်း ကာကွယ်သော်လည်း ပျက်စီးသွားပါက တိုက်ပွဲအပြီး တွင်တာဝန် မကျေမှု ဖြင့် အရေးယူသွားကြောင်း သိရှိရသည်။

ဝရမ်းထုတ်ထားသော ရာဇဝတ်မှု ကျူးလွန်သူများကို ၎င်းတို့၏ စာရင်းကိုင်၊ ကိုယ် ရံတော်နှင့် မိသားစုဝင် တို့က MNTJP/MNDAA ထံကို လာရောက် သတင်းပေးရမည်ဖြစ်ကြောင်း၊ ရာဇဝတ်မှု ကျူးလွန်သူများကို အကာ အကွယ် ပေးခြင်း ဝှက်ထားခြင်း၊ ထွက်ပြေးလွတ်မြောက်ရန်ကူညီခြင်းများကို ပြုလုပ် ပါက ပြင်းထန်စွာအရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article