ရန်ကုန်တွင် မြေပြင်တော်လှန်ရေးလှုပ်ရှားမှု ကမ်ပိန်းပြုလုပ်
ရန်ကုန်၊ အောက်တိုဘာ ၂၈
ရန်န်ကုန်တိုင်း မြို့နယ်အစုံတွင်ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့တွင် ကျရောက်သည့် မြန်မာ့နွေဦးတော်လှန်ရေး ရက်တစ်ထောင်ပြည့်မြောက်သည့်နေ့တွင် စုပေါင်းသပိတ်အင်အားစုမှ မြေပြင်တော်လှန်ရေးလှုပ်ရှားမှု ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပြည်သူအားလုံး ယနေ့ထိ သွေးမအေးကြောင်း၊ မကြာခင်အားလုံးပါဝင်မည့် နောက်ဆုံးတိုက်ပွဲအတွက်လည်း အကြမ်းဖက်စစ်တပ်ကို အမြတ်ဖြတ်ရန် အဆင်သင့်ရှိနေကြောင်း ရည်ရွယ်ချက်နှင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့သူများက ပြောကြားသည်။

