29 C
Yangon

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို စစ်ကောင်စီက နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် အမှုဖွင့် ဖမ်းဆီး

Must read

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို စစ်ကောင်စီက နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် အမှုဖွင့် ဖမ်းဆီး

ရန်ကုန်၊ အောက်တိုဘာ ၂၉

သမ္မတဦးသိန်းစိန် အစိုးရ လက်ထက် ပြန်ကြားရေးဝန်ကြီးဖြစ်ခဲ့သူ ဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) အမှုဖွင့်သဖြင့် အလုံမြို့နယ်ရဲစခန်းက ဖမ်းဆီးလိုက်ကြောင်း စစ်တပ်ဘက်က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၈ရက် နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် အလုံရဲစခန်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဦးရဲထွဋ်၏ လူမှုကွန်ရက် ရေးသားချက်များသည် ပြည်သူလူထုထိတ်လန့်စေရန် ကြံရွယ်ပြီး မမှန်သတင်းများဖြန့်ဝေခြင်း၊ အစိုးရ ဝန်ထမ်းများပြစ်မှုကျူးလွန်လာစေရန်ရည်ရွယ်လှုံ့ဆော်စေသည်ဟုဆိုကာ လာရောက် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဦးရဲထွဋ်ကို အလုံမြိုမရဲစခန်းက (ပ)၂၁၆/၂၀၂၃ရာဇသတ်ကြီးပု ဒ်မ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်းဆီးပြီး ယနေ့ နံနက်ပိုင်း အင်းစိန်ထောင်သို့ ပို့ဆောင်လိုက် ကြောင်း စစ်တပ်ဘက်က သတင်းထုတ်ပြန်သည်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်သည် စစ်အာ ဏာ သိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူများနှင့် ရပ်တည်သော ရေးသားမှုများကို လူမှုကွန်ရက်ပေါ်တွင် တိုက်ရိုက် သော်လည်းကောင်း၊ သွယ်၀ိုက်၍ လည်းကောင်း ရေးသား ဖော်ပြခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article