35 C
Yangon

ဆိပ်ဖြူမြို့နယ်၊ ကျွန်းချောင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀ ကျော်ပြာကျ

Must read

ဆိပ်ဖြူမြို့နယ်၊ ကျွန်းချောင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀ ကျော်ပြာကျ

ရန်ကုန်၊ ​အောက်တိုဘာ ၂၉

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျွန်းချောင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀ ကျော်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ဆိပ်ဖြူမြို့နယ် ကျွန်းချောင်းရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ကျွန်းချောင်းရွာကို စစ်ခွေးများက မီးရှို့ ဖျက်ဆီးသွားပါတယ်။ အိမ်ခြေ ၂၀ ကျော် ပါသွားပါတယ်။ PDF တွေ ရှိကြောင်း သတင်းမပို့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ရွာကို မီးလာရှို့သွားတာပါ” ဟု ဒေသပြည်သူ တစ်ဦးပြောဆိုသည်။

လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရ​ပြီး အရေးပေါ် စားနပ်ရိက္ခာ များ လိုအပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article