34 C
Yangon

NDAA (မိုင်းလား) ခေါင်းဆောင် ဦးစိုင်းလင်း တောင်ကြီးဆေးရုံမှတစ်ဆင့် အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် သွားရောက်‌ ဆေးကု သမှုခံယူနေ၊ စစ်ကောင်စီက အကြီးအကျယ် ကူညီပံ့ပိုးနေ

Must read

NDAA (မိုင်းလား) ခေါင်းဆောင် ဦးစိုင်းလင်း တောင်ကြီးဆေးရုံမှတစ်ဆင့် အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် သွားရောက်‌ ဆေးကု သမှုခံယူနေ၊ စစ်ကောင်စီက အကြီးအကျယ် ကူညီပံ့ပိုးနေ

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်၊NDAA မိုင်းလား အဖွဲ့ ခေါင်းဆောင် ဦးစိုင်းလင်းသည် ကျန်းမာရေး မကောင်းမွန်သဖြင့် တောင်ကြီးဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရာမှ စစ်ကောင်စီ၏ ကူညီပံ့ပိုးမှုဖြင့် လူနာတင် အထူးလေယာဉ် စီးနင်း၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် သွားရောက် ဆေးကုသမှု ခံယူနေရကြောင်း စစ်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ တောင်ကြီးဆေးရုံတွင် လာရောက် ဆေးကုသမှုခံယူနေရသော ဦးစိုင်းလင်းသည် အောက်တိုဘာလ ၂၈ ရက် နေ့တွင် စစ်ကောင်စီတပ်က စီစဉ်ပေးသည့် အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် သွားရောက် ဆေးကုသမှု ခံယူနေရကြောင်း၊ ဦးစိုင်းလင်း ၏ ကျန်းမာရေး အခြေအနေ ဆိုးရွားကြောင်း သိရှိရသည်။

“အောက်တိုဘာလ ၂၈ ရက်နေ့ မနေ့က တောင်ကြီးဆေးရုံကနေ လူနာတင် လေယာဥ်နဲ့ ဦးစိုင်းလင်းကို လာခေါ်သွားတယ်။ စစ်တပ်က အကုန်စီစဉ် ပေးတာ။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဆေးသွားကုတာ။ သူဆေးကုဖို့ အစအဆုံးကို စစ်ကောင်စီက ကူညီပေးတာ။ ဦးစိုင်းလင်းကို ကြည့်ဖို့ အမျိုးသမီး ၂ ဦး လူနာစောင့်ပါသွားတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ( National Democratic Alliance Army- အတိုကောက် NDAA) သည် မြန်မာနိုင်ငံ အရှေ့ မြောက် ပိုင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရက် တစ် မဟာမိတ်တပ်မတော် – ရှမ်းပြည် အရှေ့ပိုင်း (National Democratic Alliance Army-Eastern Shan State (NDAA-ESS)သည်၊ ရှမ်းအထူးဒေသ ၄ ဖြစ်သော ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလား ဒေသတွင် အခြေစိုက် ထား သည့်တပ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီနှင့် ပူးပေါင်း ၍ မိုင်းလားဒေသကို အုပ်ချုပ်ရေး လုပ်ငန်းများ စီမံလုပ်ကိုင် လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article