Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ၃ ရက်အတွင်း ကိုးကန့် MNDAA က သိမ်းယူထားတဲ့ စစ်ကောင်စီတပ်စခန်း ၅၇ ခုအထိ ရှိလာပြီဖြစ်တယ်လို့ ကိုးကန့်ဘက်က တရားဝင်သတင်းထုတ်ထား ပါတယ်။
– ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး၊ သိန္နီ၊ နမ့်ခမ်းနဲ့ ကျောက်မဲမြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း အကြမ်းဖက်စစ်တပ်က စစ်ဘေးရှောင်ပြည်သူတွေကို ထွက်ခွာခွင့်မပေးဘဲ လူသားဒိုင်းကာအဖြစ် အသုံးပြုနေတယ်လို့ Tai Students’ Union အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
– ရန်ကုန်တိုင်း၊ လှိုင်သာယာ၊ အင်းစိန်၊ လှိုင်နဲ့ မြောက်ဒဂုံက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ နေရာတွေကို ယနေ့ကညပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိနိုင်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
