32 C
Yangon

စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် ဗိုလ်မှူး ၁ ဦး၊ စစ်ဆေးဆရာဝန် ဗိုလ်ကြီးနှင့် ဗိုလ် ၂ ဦး အပါအဝင် စစ်သား ၇ ဦးကို မန္တလေး PDF က ဖမ်းဆီး

Must read

စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် ဗိုလ်မှူး ၁ ဦး၊ စစ်ဆေးဆရာဝန် ဗိုလ်ကြီးနှင့် ဗိုလ် ၂ ဦး အပါအဝင် စစ်သား ၇ ဦးကို မန္တလေး PDF က ဖမ်းဆီး

ရန်ကုန်၊ အောက်တိုဘာ ၃၀

မန္တလေး PDF က စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူး ၁ ဦး၊ စစ်ဆေးဆရာဝန် ဗိုလ်ကြီး ၁ ဦး ၊ စစ်ဆေးဆရာဝန် ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၇ ဦးကိုဖမ်းဆီးထိန်းသိမ်းထားကြောင်း မန္တလေး PDF ၏ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ညီနောင် မဟာမိတ်(၃)ဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” နဲ့အတူ “တောင်သမန် စစ်ဆင်ရေး”ကို ပြည်သူ့ကာကွယ်ရေ တပ်မတော် (မန္တလေး) က ဆင်နွှဲလျက်ရှိရာ အောက်တိုဘာ ၂၆ ရက်မှ အောက်တိုဘာလ ၃၀ ရက်နေ့အတွင်း အကြမ်းဖက်စစ်ကောင်စီမှ နယ်ခြားစောင့် တပ် ဗိုလ်မှူး ၁ ဦး ၊ စစ်ဆေးဆရာဝန်ဗိုလ်ကြီး ၁ ဦး ၊ စစ်ဆေးဆရာဝန်ဗိုလ်အဆင့် ၁ ဦး၊ တပ်ကြပ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး နှင့် ပြည်သူ့စစ်၂ ဦး စုစုပေါင်း ၇ ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။

မန္တလေး PDF က ဖမ်းဆီးရရှိသူများတွင် နယ်ခြားစောင့်တပ် ဗိုလ်မှူး ပိုင်စိုးထွန်း၊ အမှတ် ၈၈ ခြေမြန်တပ်မ ဌာနချုပ် လက်အောက် အမှတ် ၁၀ ခြေလျင်တပ်ရင်းမှ စစ်ဆေးဆရာဝန် ဗိုလ်ကြီး အောင်ဇင်ဦး၊ အမှတ် ၃ စစ်မြေပြင် ဆေးတပ်ရင်း(ခွဲ- ၂)မှ စစ်ဆေးဆရာဝန် ဗိုလ်အောင်ဆန်းကျော် အပါအဝင် စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

“ဘယ်လို ဖမ်းဆီးလဲဆိုတာက တောင်သမန် စစ်ဆင်ရေးကာလအတွင်းမှာပဲ ဖမ်းမိပါတယ်။ အဲဒီလိုပဲ ပြောချင်ပါတယ်။ သူတို့ကို ကောင်းမွန်စွာပဲ ဖမ်းဆီးထိန်းသိမ်းထားပါတယ်” ဟု မန္တလေးPDF ၏ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောဆိုသည်။

ဖမ်းဆီးရမိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို မည်သည့်နေရာတွင် မည်သည့်ပုံစံဖြင့် ဖမ်းဆီးရရှိသည်ကို မန္တလေး PDF က ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

(ဆင်ဆာဖြတ်တောက်ခြင်းမရှိဘဲ နာမည်များပါ ဖော်ပြထာသည့် သတင်းနှင့် ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/143399 တွင် ကြည့်ရှုနိုင်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article