25 C
Yangon

မူဆယ်၊ လားရှိုးတို့တွင် ယခုညပိုင်း တိုက်ပွဲများဖြစ်ပွားနေပြီး နမ္မတူ မြို့နယ်ရှိ ခမရ ၃၂၄ အထိုင်စခန်းနှင့် ကွမ်းလုံမြို့နယ်၊ ကာမိုင်းစခန်းတို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ

Must read

မူဆယ်၊ လားရှိုးတို့တွင် ယခုညပိုင်း တိုက်ပွဲများဖြစ်ပွားနေပြီး နမ္မတူ မြို့နယ်ရှိ ခမရ ၃၂၄ အထိုင်စခန်းနှင့် ကွမ်းလုံမြို့နယ်၊ ကာမိုင်းစခန်းတို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး၊ လားရှိုးမြို့နယ်တို့တွင် ယနေ့ညပိုင်း တိုက်ပွဲများဖြစ်ပွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်း မူဆယ် ၁၀၅ မိုင်အနီးရှိ စစ်တပ်အထိုင်စခန်းကို မြောက်ပိုင်းမဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ည ၇ ခွဲလောက်မှာ ချကြတယ်။ အခုတော့ နည်းနည်းငြိမ်နေသလို ကြိုကြားကြား ပစ်ခတ်သံတွေကြားရတယ်။ ဌာနဆိုင်ရာ ဝန်ထမ်းတချို့တွေတော့ မူဆယ်ထဲကနေ ထွက်ဖို့ပြင်နေကြပြီ။ တချို့လည်း မနက်ဖြန်လောက် တရုတ်ပြည်ဘက် ပြေးမလားမသိ။ ကိုယ့်မိတ်ဆွေ လ၀က ဝန်ထမ်းကတော့ ရုံးမတက်တော့ဘူး။ အရပ်ဝတ်နဲ့ပဲ နေတော့တယ်” ဟု မူဆယ်မြို့ခံတစ်ဦးက ပြောဆိုသည်။

အလားတူ အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်း လားရှိုးမြို့နယ်၊ မြို့ပြင်တွင်လည်း ပစ်ခတ်သံများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း လားရှိုးမြို့ခံများက ပြောဆိုသည်။

“ညတိုင်းတော့ ပစ်နေတာပဲ။ ဒုန်းပစ်တာတော့ မတွေ့ဘူး။ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်သံတွေကြားရတယ်။ ၄ ရက်မြောက်ဆိုတော့ နည်းနည်းတော့ နားယဉ်လာပြီ” ဟု လားရှိုးဒေသခံတစ်ဦးက ပြောဆိုသည်။

ယခုည ၁၀ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရောက်ရှိလာသော နောက်ဆုံးသတင်းများအရ နမ္မတူမြို့နယ်အထဲရှိ ခမရ ၃၂၄ အထိုင်စခန်းကို KIA တပ်က သိမ်းပိုက်ရရှိသွားကြောင်း၊ ကွမ်းလုံမြို့နယ်အတွင်းရှိ ကာမိုင်း ဗျူဟာစခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း၊ သို့ရာတွင် အဆိုပါစခန်းများ သိမ်းဆည်းရရှိမှု နှင့်ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ၏ အတည်ပြုချက် ရရှိခြင်းမရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article